COD: Mobile fan တွေ များလာဦးမှာပါ
Nyein Min Wai

Call of Duty မိုဘိုင်းဗားရှင်းကို အောက်တိုဘာ ၁ ရက်နေ့က စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အခုဆို စံချိန်သစ်တွေပါ တင်လာပါတယ်။


App တွေအကြောင်း ထုတ်ပြန်တဲ့ Sensor Tower ရဲ့အဆိုအရ Call of Duty Mobile ဟာ တစ်ပတ်အတွင်း ဒေါင်းလုပ်ဆွဲမှု သန်း ၁၀၀ ရောက်လာခဲ့တယ်လို့ဆိုပါတယ်။ ဒီစံချိန်ဟာ အရင်က Fortnite နဲ့Player Unknown's Battlegrounds (PUBG) တို့ကို အပြတ်အသတ်ကျော်ခဲ့တာပါ။ မိုဘိုင်းလ်ဗားရှင်းအဖြစ် မိတ်ဆက်ခဲ့တဲ့ PUBG ၊ Fortnite နဲ့Apex Legends တို့ဟာ မိတ်ဆက်ပြီး တစ်ပတ်အတွင်းမှာ ၂၆.၃ သန်း ၊ ၂၂.၅ သန်း နဲ့၂၅ သန်းစီ ဒေါင်းလုပ်ဆဲတဲ့ အကြိမ် ရခဲ့ပါတယ်။



" ဒါဟာ မိုဘိုင်းဂိမ်း မိတ်ဆက်မှု သမိုင်းမှာ ပထမတစ်ပတ်အတွင်း ရခဲ့တဲ့ player အရေအတွက်အရ အကြီးဆုံးလို့ဆိုနိုင်ပါတယ်။ "လို့Sensor Tower ရဲ့ Head of Mobile Insights အကြီးအကဲ ရန်ဒီနယ်လ်ဆင်က ဆိုပါတယ်။

သြဂုုတ်လ ၁၅ ရက်နေ့ကတည်းက Call of Duty: Mobile ကို တစ်ချို့နိုင်ငံတွေမှာ ကစားခွင့်ပေးခဲ့ပြီး Global Launch လုပ်တာကတော့ အောက်တိုဘာ ၁ ရက်နေ့မှ ဖြန့်ချိခဲ့တာပါ။ App Store နဲ့Play Store တွေပေါ် ဒီဂိမ်း ရောက်လာပြီးနောက်မှာတော့ နိုင်ငံပေါင်း ၁၀၀ ကျော်ကနေ ဒေါင်းလုပ်ဆွဲတဲ့ ဂိမ်းဖြစ်လာပြီး No.1 app ranking ဝင်ခဲ့ပါတယ်။

Photo: venturebeat

Call of Duty: Mobile ကို Apple App Store နဲ့Google Play Store တို့မှာ မိုဘိုင်းလ်ဗားရှင်းအဖြစ် ဖြန့်ချိချိန်က နိုင်ငံအားလုံးအတွက်ဆိုပေမယ့် တရုတ် ၊ ဘယ်လ်ဂျီယံနဲ့ဗီယက်နမ်တို့တော့ မပါခဲ့ပါဘူး။ မိုဘိုင်းဗားရှင်းအဖြစ် မိတ်ဆက်လိုက်တဲ့ Call of Duty: Mobile ကို Android ဗားရှင်း 5.1 နဲ့အထက် အနည်းဆုံး RAM 2GB ရှိထားတဲ့ ဖုန်းတွေမှာ ကစားနိုင်မှာ ဖြစ်ပြီး iPhone တွေမှာဆို အနည်းဆုံး iOS 9.0 ရှိရမှာ ဖြစ်ပါတယ်။


က္က