၂၀၁၈ အကုန်မှာ ဖုန်းသုံးစွဲသူ သန်း ၅၁၀၀ ခန့်ရှိပြီ ဖြစ်ပါတယ်။
Nyein Min Wai

အိန္ဒိယဟာ ကမ္ဘာ့မိုဘိုင်းဒေတာ ဈေး အသက်သာဆုံး နိုင်ငံ ဖြစ်သလို ဖုန်းဘေလ်နဲ့အင်တာနက် သုံးစွဲမှုလည်း အမြင့်ဆုံး နိုင်ငံဖြစ်တယ်လို့Ericsson ရဲ့ Mobility Report မှာ ဖော်ပြထားပါတယ်။

         Ericsson ကနေ ထုတ်ပြန်တဲ့ Mobility Report အရ အိန္ဒိယနိုင်ငံသားတွေရဲ့ ၂၀၁၈ နှစ်ကုန်ပိုင်း တစ်လချင်း စမတ်ဖုန်းကနေ အင်တာနက် ဒေတာသုံးစွဲမှုဟာ ပျမ်းမျှ 9.8GB ရှိတယ်လို့ဆိုပါတယ်။ ဒီအစီရင်ခံစာဟာ LTE subscription တွေ ပိုများလာမှု ၊ Data plan တွေ ဈေးသက်သာမှု နဲ့အွန်လိုင်းမှာ ဗွီဒီယို အကြည့်များလာမှုများလည်း ဖော်ပြထားပါတယ်။


Photo: pewresearch

         Mobility Report အရ လာမယ့် ၂၀၂၄ မှာ မိုဘိုင်းလ်ဒေတာ သုံးစွဲမှု ကိန်းဂဏန်းဟာ 18GB အထိ ခုန်တက်လာမယ်လို့ခန့်မှန်းထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ မိုဘိုင်းလ်ဒေတာ ဈေးအသက်သာဆုံး နိုင်ငံဖြစ်ပြီး Reliance Jio မှာဆို တစ်နေ့ကို 1.5GB မိုဘိုင်းလ်ဒေတာ ၂၈ ရက်စာ (42GB) အတွက် ၁၄၉ ရူပီး ( မြန်မာငွေ ၃၂၆၀ ခန့်) ပဲ ကောက်ခံတဲ့ Data Plan လိုမျိုး ဝန်ဆောင်မှု ပေးနေပါတယ်။

Vodafone-Idea ဟာ အိန္ဒိယရဲ့ အကြီးဆုံး တယ်လီကွန်းအော်ပရေတာတစ်ခု ဖြစ်ပြီး သုံးစွဲသူသန်း ၄၀၀ ကျော် ရှိပါတယ်။ သူ့နောက်မှာတော့subscriber ပေါင်း ၃၅၉ သန်း ခန့်ရှိတဲ့ Airtel+ Tata DoCoMO ၊ သုံးစွဲသူ သန်း ၂၈၀ ခန့်ရှိတဲ့ Jio နဲ့၁၁၇ သန်း ရှိတဲ့ BSNL+MTNL တို့ရှိပါတယ်။ မိုဘိုင်းလ်အင်တာနက် ဒေတာဈေးအကြီးဆုံးဒေသဟာ ဆာမိုအာနိုင်ငံဖြစ်ပြီး ဒေတာ 1GB ကို ၃၀.၀၉ ဒေါ်လာ (မြန်မာငွေ ၄သောင်း ၆ ထောင်ခန် ့) ဈေးနဲ့ဝန်ဆောင်မှုပေးနေတာပါ။

         ဒီအစီရင်ခံစာမှာပဲ မြောက်အမေရိကမှ အင်တာနက်သုံးသူတွေဟာ မိုဘိုင်းလ်ဒေတာကို လစဉ် ပျမ်းမျှ 7GB နှုန်း သုံးနေပြီး ၂၀၂၄ မှာ 39GB အထိ တက်လာဖို့ရှိတယ်လို့ဆိုပါတယ်။ မြောက်အမေရိကဒေသဟာ 5G ကွန်ရက်အားကောင်းလာမှုနဲ့ငွေကြေးအင်အား ရှိမှုပေါ် တွက်ချက်ပြီး အခုလို ခန့်မှန်းထားတာပါ။ အနောက်ဥရောပကတော့ ပျမ်းမျှမိုဘိုင်းဒေတာ သုံးစွဲမှု 6.7GB နဲ့တတိယအများဆုံး မိုဘိုင်းလ်ဒေတာ သုံးစွဲတဲ့ ဒေသဖြစ်ပြီး ၂၀၂၄ မှာ ဒီဒေသရဲ့ မိုဘိုင်းအင်တာနက် ဒေတာ သုံးစွဲမှုဟာ 32GB အထိ ရှိလာမယ်လို့မျှော်မှန်းထားပါတယ်။

Photo: Mobilescout.com


         ကမ္ဘာပေါ်မှာ မိုဘိုင်လ်း Broadband subscription ပေါင်း သန်း ၆၀၀၀ ရှိပြီး ၂၀၂၄ မှာ သန်း ၈၃၀၀ ခန့်ရှိလာမယ်လို့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၈ နှစ်ကုန်ပိုင်းအထိ စမတ်ဖုန်း သုံးစွဲသူဦးရေဟာ သန်း ၅၁၀၀ ခန့်ရှိပြီး လာမယ့် ၂၀၂၄ မှာ သန်း ၇၂၀၀ အထိ ရောက်လာဖို့ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က