iOS နဲ့ Android နှစ်မျိုးစလုံးအတွက် ထုတ်လိုက်တာပါ

စမတ်ဖုန်းနဲ့ တက်ဘလက်တွေနဲ့ Messenger သုံးသူတွေမှာ screen share လုပ်ဆောင်ချက် သုံးနိုင်ပြီ ဖြစ်ပါတယ်။

Facebook Messenger ဟာ သူငယ်ချင်းတွေနဲ့ Video chatting ထိုင်နေရင်း ကိုယ့်ရဲ့ screen ကို အားလုံးမြင်အောင် မျှဝေဖို့ လုပ်လိုက်တာ ဖြစ်ပါတယ်။ Android နဲ့ iOS ထုတ်ကုန် နှစ်မျိုးစလုံးအတွက် ဖြန့်ချိလိုက်တာပါ။ လူအများကြီးနဲ့ Messenger Rooms မှာ Video Call လုပ်ရင်းနဲ့လည်း Screen Share နိုင်မှာ ဖြစ်ပါတယ်။



Photo: 9to5mac

Messenger Rooms ဟာ လူ ၅၀ အထိ တစ်ပြိုင်တည်း Video Call ခေါ်နိုင်အောင် ဒီဇိုင်းထုတ်ထားပေမယ့် Screen Share လုပ်မယ်ဆိုရင်တော့ Group chat ရိုးရိုးမှာ လူ ၈ ဦးအထိ နဲ့ Messenger Rooms မှာ လူ ၁၆ ဦးအထိ share ခွင့်ပြုထားတယ်လို့ The Verge သတင်းက ဆိုပါတယ်။ Messenger Rooms နဲ့ screen share လုပ်ခြင်းက တစ်ကမ္ဘာလုံး ဖြန့်ချိထားပါတယ်။

screen share ဖို့ဆိုရင် ပထမဆုံး ကိုယ့်ဖုန်း/တက်ဘလက်မှာ Messenger နောက်ဆုံးဗားရှင်း သွင်းထားဖို့ လိုပါတယ်။ ပြီးရင်တော့ သူငယ်ချင်းတစ်ယောက်ယောက်ကို Call ခေါ်လိုက်ရမှာပါ။ screen အောက်ခြေကနေ အပေါ်ကို ပွတ်ဆွဲလိုက်မယ်ဆိုရင် call options တွေ့လာမှာပါ။ ဒီ options ထဲကနေ Share your screen ၊ start sharing နဲ့ start broadcast ဆိုပြီး share ဖို့အတွက် ကလစ်နှိပ်မှာ ဖြစ်ပါတယ်။

Photo: Tech Crunch

ဒါဆိုရင်တော့ Screen share လုပ်နေမှာ ဖြစ်ပါတယ်။ ဖုန်းပေါ်မှာ ကိုယ်ပြချင်တာကို တစ်ခြားသူတွေ မြင်အောင် share နိုင်သလို broadcast လွှင့်နေတာကိုလည်း ကိုယ့်သဘောအတိုင်း ရပ်လို့ ရပါတယ်။ ဒီ feature ဟာ Facebook ဟာ ပြိုင်ဘက် video conferencing ပလက်ဖောင်းတွေ ဖြစ်တဲ့ Zoom နဲ့ FaceTime တို့ကို ယှဉ်ဖို့အတွက် ထုတ်လိုက်တာပါ။

Video Call ကို ဖန်တီးလိုက်သူအနေနဲ့ screen ကို ဘယ်သူတွေ Share နိုင်မလဲဆိုတာပါ ထိန်းချုပ်နိုင်အောင် လုပ်သွားမယ်လို့လည်း Facebook က ဆိုပါတယ်။ screen sharing ဝန်ဆောင်မှုကို Skype နဲ့ Zoom တို့မှာ သုံးနိုင်တယ်ဆိုပေမယ့် Messenger ကတော့ စမတ်ဖုန်းသုံးစွဲသူတွေ အသုံးများတဲ့ Chatting ပလက်ဖောင်းတစ်ခု ဖြစ်လို့ ပိုပြီးလူကြိုက်များဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က