Google ကတော့ မူအတိုင်း လုပ်တာလို့ဆိုပါတယ်။
Nyein Min Wai

ဒီပြဿနာရဲ့အစက Google ဟာ Gmail ဒီဇိုင်းသစ် စပြီး သုံးလာရာကနေ ဖြစ်ပွားခဲ့တာပါ။

2018-02-13-image-7.jpg

photo: techspot

 

Google ရဲ့ အတည်ပြုချက်တစ်ခုအရ Gmail ဝန်ဆောင်မှု သုံးစွဲသူတွေ ပို့လိုက်တဲ့ မေးလ်တွေကို developers တွေက ဝင်ဖတ်နိုင်တယ်လို့ဆိုပါတယ်။ ကိုယ်ပို့လိုက်တဲ့ Gmail မက်ဆေ့ချ်တွေကို third-party developers တွေက ကြားဖြတ်ဝင်ဖတ်နိုင်တဲ့ပြဿနာမှာ တရားခံဟာ သုံးစွဲသူ ကိုယ်တိုင်ပဲလို့Google က ပြောပါတယ်။

အကြောင်းကတော့ Gmail ဒီဇိုင်းသစ်မှာ user ဟာ မေးလ်ဖတ်တဲ့ နေရာမှာ ကိုယ်တိုင် စိတ်ကြိုက် ရက်သတ်မှတ်ပြီး Snooze လုပ်တာ ၊ confidential mode ထားတာတွေအတွက် third-party tools တွေ install သွင်းပါ့မယ်လို့တင်ကြို သဘောတူညီထားရတာပါ။ ဒီတော့ တကယ်လို့ကိုယ့်ရဲ့ အီးမေးလ်ကို တစ်ခြား third-party တစ်ခုခုကနေ ဝင်မဖတ်စေချင်ရင် ဒီ third-party tools တွေကို မသုံးနဲ့ဆိုတဲ့ သဘောဖြစ်နေပါတယ်။

Google ကတော့ third-party tools ထားတာဟာ ကုမ္ပဏီရဲ့ policy နဲ့မဆန့်ကျင်ဘူးလို့ဆိုပါတယ်။ ဒါကြောင့်ပဲ Return Path Inc လို သတင်းအချက်အလက်နဲ့ဈေးကွက်ကုမ္ပဏီတစ်ခုဟာ Gmail သုံးနေသူဆီကနေ တစ်နေ့ကို အီးမေးလ်ပေါင်း သန်း ၁၀၀ လောက်ရယူနိုင်တယ်လို့Wall Street Journal သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ဒီလိုမျိုး မေးလ်တွေ ကြားဖြတ် ဖတ်တာကို ကွန်ပျူတာစနစ်တွေက လုပ်တယ်ဆိုပေမယ့် ကုမ္ပဏီ ဝန်ထမ်းတွေကလည်း ဆော့ဖ်ဝဲလ်ကို train ပေးဖို့မေးလ်ပေါင်း ၈၀၀၀ လောက် ဖတ်ကြတယ်လို့ဆိုပါတယ်။

 

လောလောဆယ် Gmail ဝန်ဆောင်မှုကို သုံးစွဲနေသူဦးရေဟာ တစ်ကမ္ဘာလုံးမှာ သန်းပေါင်း ၁၄၀၀ ကျော် ရှိနေပါတယ်။ Gmail အကောင့်သုံးသူများဟာ ဒီဝန်ဆောင်မှုကို စပြီး Sign upလုပ်ကတည်းက third-party tools တစ်ခုကနေ ကိုယ့်ရဲ့ အီးမေးလ်ကို ဝင်ဖတ်တာ ၊ ကိုယ့်မေးလ်ကနေ စာပို့တာ အပြင် စိတ်ကြိုက် Delete လုပ်ပြီး ဖျက်ခွင့်ပါ ပေးဖို့သဘောတူထားရပါတယ်။

Wall Street Journal ဟာ Gmail နဲ့ချိတ်ဆက်ထားတဲ့ Edison Software ၊ eDataSource Inc စတဲ့ ကုမ္ပဏီများကိုလည်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒီကုမ္ပဏီတွေဟာ ယင်းတို့ရဲ့ ဆော့ဖ်ဝဲလ် algorithms များ ပိုကောင်းစေဖို့ ဝန်ထမ်းများကို Gmail အကောင့်များရဲ့ သန်းရာပေါင်းများစွာ ရှိတဲ့ မေးလ်တွေကို ဖတ်ခွင့်ပေးထားတယ်လို့ဆိုပါတယ်။

photo: TheVerge

 

Google ကတော့ ဒီအတွက် သုံးစွဲသူအနေနဲ့ကိုယ့်ရဲ့ privacy ကို မပေါက်ကြားစေဖို့အတွက် Security Check-up သုံးပြီး ဝင်ကြည့်ဖို့အကြံပြုထားပါတယ်။


Author


က္က