Facebook Gaming နဲ့ ပေါင်းသွားမှာပါ

Microsoft ဟာ ဗွီဒီယိုဂိမ်း Streaming ပလက်ဖောင်းဖြစ်တဲ့ Mixer ကို ဖျက်သိမ်းပြီး Facebook Gaming နဲ့ ပူးပေါင်းသွားမယ်လို့ ကြေညာပါတယ်။

Mixer မိတ်ဘက်နဲ့ Streamer တွေဟာ Facebook Gaming ကို စ‌ပြောင်းနေပြီ ဖြစ်ပြီး လာမယ့် ဇူလိုင် ၂၂ ရက်နေ့မှာ Mixer ကို ပိတ်သိမ်းတော့မှာ ဖြစ်တယ်လို့ The Verge က ဆိုပါတယ်။ Microsoft အနေနဲ့ ပြိုင်ဘက် Streaming ပလက်ဖောင်းတွေ ဖြစ်တဲ့ Amazon ရဲ့ Twitch ၊ Google ရဲ့ YouTube နဲ့ Facebook Gaming တို့နဲ့ ယှဉ်ပြိုင်ဖို့ ရုန်းကန်နေရတာကြောင့် Mixer ကို ဖြုတ်လိုက်တာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ဂိမ်းပိုင်းအကြီးအကဲ ဖီးလ်စပန်ဆာက ပြောပါတယ်။




Photo: pcmag

"တစ်ခြား ပြိုင်ဘက်တွေနဲ့ ယှဉ်ကြည့်ရင် Mixer လစဉ်ကြည့်ရှုသူဦးရေဟာ အတော်ကြီး နည်းပါတယ်။ Mixer အသိုင်းအဝိုင်းအနေနဲ့ Facebook ပလက်ဖောင်းကနေ ပရိတ်သတ်အားနဲ့ ဂိမ်မာတွေ ပိုရမယ်လို့ ထင်ပါတယ်" လို့ စပန်ဆာက ဆိုပါတယ်။ 

Mixer နဲ့ လက်တွဲနေတဲ့ Streamer တွေနဲ့ လက်ရှိ Mixer မှာ လာရောက်ကြည့်ရှုသူတွေဟာ လာမယ့် ရက်သတ္တပတ်တွေမှာ လစဉ် သုံးစွဲသူ သန်း ၇၀၀ ကျော် ရှိတဲ့ Facebook Gaming ပလက်ဖောင်းကို ရောက်သွားမှာပါ။ ဇူလိုင် ၂၂ ရက်ကစပြီး Mixer ဝက်ဘ်ဆိုက်အားလုံးနဲ့ app တွေဟာ Facebook Gaming ဆီ အလိုအလျောက် လမ်းကြောင်းညွှန်သွားမှာ ဖြစ်ပါတယ်။ 

Mixer နဲ့ Facebook Gaming တို့ရဲ့ မိတ်ဖက်ပြု သဘောတူပူးပေါင်းမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။ လက်ရှိ Mixer Partners တွေဟာ Facebook Gaming မှာ ပါတနာအဆင့် ရမှာ ဖြစ်ပြီး Mixer ကနေ ပိုက်ဆံရနေတဲ့ ပရိုဂရမ်ကို သုံးတဲ့ Streamer တွေဟာ Facebook ရဲ့ Level Up ပရိုဂရမ်မှာ ရောက်သွားမှာပါ။ Mixer ထုတ်ကုန်အမှတ်တံဆိပ်နဲ့ ဆက်စပ်တဲ့ domain နာမည်တွေကို Facebook Gaming က ရမှာ ဖြစ်ပြီး Mixer နည်းပညာအတွက် ဉာဏမူပိုင်ခွင့်တွေကို Microsoft ကပဲ ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

Photo: invenglobal


အရင်က Beam လို့ ခေါ်ခဲ့တဲ့ Mixer ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ နာမည်ကြီး Fortnite ဂိမ်မာတစ်ယောက်ဖြစ်တဲ့ Ninja နဲ့ Shroud တို့နဲ့ လက်တွဲနိုင်ပြီးနောက် Streaming လောကသားတွေရဲ့ စိတ်ဝင်စားမှု ရရှိလာခဲ့ပါတယ်။ Ninja နဲ့ Shroud အပါအဝင် တစ်ခြား ထိပ်တန်း Streamer တွေအနေနဲ့ Facebook Gaming မှာလည်း stream လွှင့်နိုင်သလို Twitch နဲ့လည်း ပြန်ပြီး ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ 

Mixer အနေနဲ့ နာမည်ကြီး streamer တွေနဲ့ လက်တွဲနိုင်ခဲ့ပေမယ့် နှစ်ဆန်းပိုင်းကနေ စလို့ အခုထိ Apple App Store နဲ့ Google Play Store တို့ပေါ်ကနေ Mixer app ကို ဒေါင်းလုပ်ဆွဲမှုဟာ ၃.၄ သန်းဝန်းကျင်ပဲ ရှိထားပါတယ်။ Microsoft ဟာ Facebook နဲ့ လက်တွဲပြီး Facebook Gaming မှာ xCloud ဂိမ်း streaming ဝန်ဆောင်မှုကို တိုးချဲ့ဖို့လည်း အလားအလာရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က