SSY Solar Myanmar မှာဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။

အကြောင်းအမျိုးမျိုးနဲ့နေရာအနှံ့ မီးတွေပျက်နေတဲ့ အခုလိုအချိန်ကာလမှာ ဖုန်း နဲ့ အခြားဆက်သွယ်ရေးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေအတွက် ဘက်ထရီအားသွင်းနိုင်ဖို့ နေရောင်ရှိရုံနဲ့ အဆင်ပြေစေမယ့် အလွယ်တကူခေါက်သိမ်းနိုင်တဲ့ ဆိုလာ Charger တွေကို SSY Solar Myanmar မှာဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။

အလေးချိန်ပေါ့ပါးပြီး ပိုက်ဆံအိတ်တစ်လုံးလိုခေါက်သိမ်းနိုင်တာကြောင့် မီးပျက်တဲ့အချိန်တွေမှာ အိမ်မှာ ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ နဲ့အခြားလျှပ်စစ်ပစ္စည်းတွေကို အားသွင်းဖို့သာမက လျှပ်စစ်မီးမရတဲ့ တောထဲ၊တောင်ထဲ ရောက်နေချိန်မျိုးတွေမှာပါ အားသွင်းဖို့ကူညီပေးမှာဖြစ်တဲ့အတွက် ခရီးသွားရတဲ့ နှစ်သက်သူတွေလည်း အကြိုက်တွေ့မှာ ဖြစ်ပါတယ်။

SSY Solar Myanmar မှာ အဲဒီလို အလွယ်တကူသယ်ယူနိုင်တဲ့ Solar Charger တွေကို ကိုယ့်လိုအပ်ချက်အလိုက် Watt နဲ့ Volt အားအမျိုးမျိုးကို စိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်မှာပါ။

စမတ်ဖုန်းအမျိုးမျိုး၊ တက်ဘလက်၊ လက်ပ်တော့ကွန်ပြူတာ၊ ဒီဂျစ်တယ်ကင်မရာ စတဲ့ Device တွေအပြင် ဘက်ထရီအိုး ကိုပါအားသွင်းနိုင်မယ့် ၁၈ ဗို့ ၊ ၈၀ ဝပ် ဆိုလာ Charger ကိုဆိုရင် ဈေးနှုန်း ၂၃၅၀၀၀ ကျပ်နဲ့ဝယ်ယူရရှိနိုင်ပါတယ်။

ယင်း Solar Charger ဟာဆိုရင် USB နဲ့ DC 5521 Dual Output ပါဝင်ပြီး Working Voltage 5V/18V ပါဝင်ကာ ခေါက်သိမ်းလိုက်ရင် ပိုက်ဆံအိတ်တစ်လုံးအရွယ်သာရှိသလို အလေးချိန်ကလည်း ၂ ကီလိုဂရမ်ကျော်ကျော်ပဲရှိပါတယ်။ အာမခံတစ်နှစ်လည်း ပါဝင်ပါသေးတယ်။

ဝပ်အားအရမ်းမြင့်မြင့် မလိုအပ်ဘူးဆိုရင် ၁၈ ဗို့ ၊ ၆၀ ဝပ် ခေါက်သိမ်းနိုင်တဲ့ ဆိုလာ Charger ကိုရွေးချယ်နိုင်ပါတယ်။ ဒီဆိုလာ Charger ဟာဆိုရင်လည်း စမတ်ဖုန်းအမျိုးမျိုး၊ တက်ဘလက်၊ လက်ပ်တော့ကွန်ပြူတာ၊ ဒီဂျစ်တယ်ကင်မရာ စတဲ့ Device တွေအပြင် ဘက်ထရီအိုး ကိုပါအားသွင်းဖို့ ဘက်ထရီအားသွင်းကြိုးခေါင်းပါပါဝင်ပါတယ်။

ထူးခြားချက်အနေနဲ့ iSolar နဲ့ Fast Charging နည်းပညာပါဝင်တာကြောင့် အမြင့်ဆုံးအားရရှိပြီး အားအမြန်ပြည့်အောင် သွင်းပေးနိုင်ဖို့ current နဲ့ voltage တွေကို အလိုအလျောက်ချိန်ညှိပေးနိုင်ပါတယ်။

ဒီ ဆိုလာ Charger ဟာလည်း ပိုက်ဆံအိတ်အရွယ်ခေါက်သိမ်းနိုင်ပြီး အလေးချိန်အနေနဲ့ ၁.၆၈ ကီလိုဂရမ်သာရှိပါတယ်။ ဈေးနှုန်းက ၁၈၉၅၀၀ ကျပ်ဖြစ်ပြီး အာမခံတစ်နှစ်ပါဝင်ပါတယ်။

ဒီနှစ်မျိုးအပြင် ဈေးနှုန်း ၅၆၇၀၀ သာကျသင့်တဲ့ 6000 mAh Power Bank တွဲလျက်ပါဝင်တဲ့ 5V 15W ဆိုလာ Charger ၊ ၇၄၂၀၀ ကျပ်ကျသင့်မယ့် ၁၈ဗို့/၅ဗို့ တွဲလျက် ၂၁ ဝပ် ဆိုလာ Charger တို့ကိုလည်း SSY Solar Myanmar မှာ ဝယ်ယူရရှိနိုင်ပါသေးတယ်။

SSY ဆိုတာ Special Solar for You ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပြီး မြန်မာနိုင်ငံကအသုံးပြုသူတွေအတွက် အကောင်းဆုံးဆိုလာ ပစ္စည်းတွေကို ပေးအပ်နိုင်ဖို့ ဦးစားပေးရောင်းချပေးနေတဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။ SSY Solar Myanmar ဟာ ဆိုလာ ပစ္စည်းတွေကိုရောင်းချရုံတင်မကဘဲ ဆိုလာနည်းပညာနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုလည်း သူ့ရဲ့ Facebook Page ကနေတဆင့် ဝေမျှပေးလျက်ရှိပါတယ်။

SSY Solar Myanmar ရဲ့ ဆိုလာနည်းပညာနဲ့ပစ္စည်းတွေကိုဝယ်ယူလိုတယ်ဆိုရင် ဖုန်းနံပါတ် 09777357735 ကိုဆက်သွယ်ပြီးဖြစ်စေ ၊ ဒီလင့်ခ် =>

https://www.facebook.com/ssysolarmyanmar/ ကနေ SSY ရဲ့ Facebook Page ကိုဝင်ရောက်ပြီး Message Box ကနေဖြစ်စေဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်။ 



က္က