သုတေသနအဆင့်မှာပဲ ရှိသေးတာပါ

Facebook ရဲ့ AI tools တွေဟာ မျက်လုံးမှိတ်ထားတဲ့သူကိုတောင် မျက်စိဖွင့်ထားတဲ့ ပုံအတိုင်း ဖော်ပြပေးနိုင်ပြီလို့ဆိုပါတယ်။


 

ယခုတစ်ပတ် ကုမ္ပဏီကနေ ထုတ်ပြန်တဲ့ သုတေသနစာတမ်းတစ်စောင်မှာ ဒီနည်းပညာကို ဖော်ပြထားတာ ဖြစ်ပြီး Facebook ရဲ့ AI tools ဟာ မျက်နှာပြင်ပေါ်က မှဲ့ခြောက်နဲ့တင်းတိပ်တွေ ဖျောက်တာလိုမျိုး Photoshop စတိုင် ဓါတ်ပုံပြင်တဲ့ နည်းပညာနဲ့ချိတ်ဆက်ထားတာပါ။ ဒီနည်းပညာဟာ သုတေသနအဆင့်မှာပဲ ရှိသေးပေမယ့် မျက်လုံးမှိတ်ထားတဲ့ ပုံတစ်ပုံကို မျက်စိဖွင့်ပြီးဖြစ်စေမယ့် နည်းပညာကတော့ ဒါဟာ ပထမဆုံးလို့ဆိုရမှာ ဖြစ်ပါတယ်။ လက်ရှိ နာမည်အကြီးဆုံး ဓါတ်ပုံပြင်တဲ့ Adobe Photoshop လို editing software မှာတောင် ဒီနည်းပညာမျိုး မသုံးနိုင်သေးပါဘူး။

 

ဆက်စပ်သတင်း >> မျက်နှာပြင်ဖတ်နည်းပညာသုံးစွဲမှုကြောင့် FACEBOOK တရားစွဲခံရဖို့ရှိ

 

Facebook ရဲ့ ယခုနည်းပညာဟာ မျက်စိဖွင့်လျက်သား ဓါတ်ပုံရိုက်သူများရဲ့ ပုံများကို AI ကနေ train ပေးပြီး ပုံဖော်ခိုင်းတာ ပါ။ ဒီနောက်မှာတော့ ဆော့ဖ်ဝဲလ်ကနေ ဒီအချက်အလက်တွေကို သုံးပြီး မျက်တောင်ခတ်နေတဲ့ ပုံပေါ်ကို မျက်စိပွင့်နေသလို ဖြစ်အောင်လုပ်ဆောင်သွားတာ ဖြစ်ပါတယ်။ ဒီသုတေသနကို ဦးဆောင်သူများဖြစ်တဲ့ ဘရိုင်ယန် ဒိုဟန်စကီးနဲ့ခရစ္စရှန် ကန်တွန် ဖာရားကတော့ ဒါကို in-painting ဖြစ်စဉ်လို့နာမည်ပေးထားပါတယ်။ ဒီနည်းပညာဟာ တကယ်တမ်းမှာတော့ ပြည့်စုံမှု မရှိသေးဘူးလို့လည်း ဆိုပါတယ်။ အထူးသဖြင့် နေကာမျက်မှန် တပ်ထားသူများ ၊ ဘေးတိုက်ကြည့်နေသူများမှာတော့ အလုပ်မဖြစ်သေးပါဘူး။ သို့သော်လည်း မျက်နှာဖွဲ့စည်းပုံကို ထောင့်ချိုးအမျိုးမျိုးကနေ ရယူပြီး AI ကို train မယ်ဆိုရင်တော့ ဖြစ်နိုင်မယ်လို့လည်း သုတေသီများက ယုံကြည်ထားပါတယ်။

ဒီနည်းပညာကို တစ်ချိန်မှာ Facebook ဟာ သုတေသနခန်းကနေ လက်တွေ့လူမှုကွန်ရက်ပေါ် အသုံးချသွားမလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။ လောလောဆယ်မှာတော့ ဒီသုတေသနဟာ ကိုယ်ရေးကိုယ်တာ privacy လုံခြုံရေးအတွက် စိတ်ပူစရာ ဖြစ်နေပါတယ်။ အီလီနွိုက်စ်ဥပဒေအရ Facebook ဟာ လူမှုကွန်ရက်သုံးသူများရဲ့ ခွင့်ပြုချက်မပါဘဲ မျက်နှာပြင်ဖတ် နည်းပညာသုံးစွဲခြင်းကြောင့်လည်း တရားစွဲခံရဖို့ရှိပါတယ်။ ဒီဥပဒေအရ Facebook သုံးစွဲသူ တစ်ယောက်ရဲ့ သူငယ်ချင်းတစ်ဦး ဓါတ်ပုံတင်ချိန်မှာ ဒီလူကို tag လုပ်မလားလို့tag suggestions လုပ်တဲ့ နည်းပညာဟာလည်း ဥပဒေချိုးဖောက်ရာ ရောက်တယ်လို့ဆိုပါတယ်။

 

တကယ်လို့သာ အီလီနွိုက်စ်ဥပဒေအရ ကိုယ်ရေးအချက်အလက် ချိုးဖောက်မှု ဖြစ်ခဲ့မယ်ဆိုရင် ဒဏ်ငွေ ဒေါ်လာ ၁၀၀၀ ကနေ ၅၀၀၀ အထိ တပ်နိုင်မှာ ဖြစ်လို့Facebook ဟာ အီလီနွိုက်စ်တစ်နယ်လုံးအတွက် ဒေါ်လာ ဘီလျံပေါင်းများစွာ ပေးရဖို့လည်း ရှိနေပါတယ်။ Facebook ဟာ မျက်နှာပြင်ဖတ်နည်းပညာကို privacy လုံခြုံရေးအတွက်ပါ အသုံးပြုနေပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က