မတ်လကုန်မှာ ထွက်လာဖို့ ရှိပါတယ်

iOS 14 မှာ တွေ့ရတဲ့ ကုဒ်အရ Apple ဟာ iPhone 9 Plus ကို မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

iPhone 9 Plus (တရားဝင် နာမည်မဟုတ်သေး) ဟာ iPhone 8 Plus နေရာမှာ အစားထိုးလာမယ့် မော်ဒယ်ဖြစ်ပြီး မျက်နှာပြင် ၄.၇ လက်မရှိမယ့် iPhone 9 နဲ့အတူ ထွက်လာဖို့ ရှိပါတယ်။ iPhone 9 Plus မှာလည်း iPhone 8 Plus ဒီဇိုင်းကို ပြန်သုံးသွားဖို့ ရှိပြီး Home Button ပြန်ပါလာမယ်လို့ ခန့်မှန်းထားပါတယ်။



Photo: 9to5mac


9to5Mac သတင်းမှာ တွေ့ရှိထားတဲ့ အထောက်အထားအရ iPhone 9 Plus ဟာ မျက်နှာပြင် ၅.၅ လက်မအရွယ်အစား ရှိမယ်လို့ ဆိုပါတယ်။ Face ID အစား Touch ID ကို သုံးလာမှာ ဖြစ်ပြီး ငွေပေးငွေချေမှုတွေကိုလည်း Apple Pay ရဲ့ Express Transit ပါရှိမှာပါ။

Express Transit feature ပါရှိတာကြောင့် ကားတွေ ရထားတွေကို စီးနင်းရာမှာ ဖုန်းနဲ့ တစ်ခါတည်း ငွေချေလို့ ရမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာတစ်ခုက app ဖွင့်စရာမလိုဘဲ NFC tags နဲ့ စကင်ဖတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီ feature ဟာ iPhone XS ၊ iPhone XR နဲ့ iPhone 11 တို့လို high-end မော်ဒယ်တွေမှာပဲ ပါလာတာ ဖြစ်ပါတယ်။

iPhone 9 Plus ရဲ့ ဈေးနှုန်းနဲ့ တစ်ခြား အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ မျက်နှာပြင် ၄.၇ လက်မ iPhone 9 ကတော့ ၃၉၉ ဒေါ်လာနဲ့ လာပြီး 64GB နဲ့ 128GB storage နှစ်မျိုးနဲ့ ထွက်လာမှာပါ။ အရောင်အနေနဲ့ မီးခိုးရောင် ၊ ငွေရောင်နဲ့ အနီရောင် ကာလာ ၃ မျိုးနဲ့ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

အစောပိုင်းကတော့ Apple ဟာ entry-level iPhone တွေကို မတ်လကုန်ပိုင်းမှာ မိတ်ဆက်သွားမယ်လို့ သတင်းတွေ ထွက်ထားပါတယ်။ မိတ်ဆက်မယ့်ရက် အတိအကျကို မကြာခင် ကြားသိရဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က