နှစ်ဆန်းပိုင်းက ဒေါ်လာသန်း ၅၅၀ ပေးဖို့ သဘောတူခဲ့တာပါ

မျက်နှာပြင်ဖတ်နည်းပညာသုံးစွဲမှုကြောင့် တရားစွဲဆိုခံရတဲ့ Facebook ဟာ စုစုပေါင်း ဒေါ်လာ သန်း ၆၅၀ ကျော် ပေးဖို့ သဘောတူလိုက်ပါတယ်။

Facebook ဟာ လူမှုကွန်ရက်သုံးစွဲသူတွေရဲ့ ခွင့်ပြုချက် မပါဘဲ မျက်နှာပြင်ဖတ်နည်းပညာသုံးစွဲခဲ့တာကြောင့် ကာလရှည်တရားရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ကနဦးပိုင်းက ဒေါ်လာသန်း ၅၅၀ ပေးဖို့ သဘောတူခဲ့ရာကနေ နောက်ထပ် ဒေါ်လာသန်း ၁၀၀ ထပ်ပေးလိုက်ရတာ ဖြစ်တယ်လို့ Fortune သတင်းက ဆိုပါတယ်။


Photo: Tech Crunch



သုံးစွဲသူတွေရဲ့ ဓါတ်ပုံထဲမှာ ပါတဲ့ မျက်နှာပြင်ကို ခွဲခြားဖတ်ရှုတဲ့ မျက်နှာပြင်ဖတ်နည်းပညာသုံးထားတဲ့ Facebook ရဲ့ ဓါတ်ပုံ Tagging feature နဲ့ ပတ်သက်ပြီး တရားစွဲခဲ့တာပါ။ အီလီနွိုက်ပြည်နယ်ဥပဒေအရ စီးပွားရေးအရ သုံးစွဲသူခွင့်ပြုချက် မရဘဲ မျက်နှာပြင်ဖတ်နည်းပညာအပါဝင် ဇီဝအချက်အလက် ရယူမှုဟာ ပြစ်မှုမြောက်ပါတယ်။

Facebook ဟာ သန်းပေါင်းများစွာသော အီလီနွိုက်စ်မှ လူမှုကွန်ရက်သုံးစွဲသူတွေဆီက ခွင့်ပြုချက် မတောင်းခံဘဲ Photo Tagging feature သစ်ကို default အနေနဲ့ ထားခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဒီ features သုံးစွဲမှုနဲ့ Facebook ကို တရားစတင် စွဲဆိုခဲ့ပါတယ်။ ၂၀၂၀ ဇန်နဝါရီလကုန်ပိုင်းမှာ Facebook ဟာ နစ်နာမှုအတွက် ဒေါ်လာ သန်း ၅၅၀ ပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် မလုံလောက်သေးဘူးဆိုပြီး တရားသူကြီးမှ ပယ်ချခဲ့တာပါ။

Photo: Yahoo News

ဒေါ်လာသန်း ၅၅၀ ဟာ နစ်နာသူတစ်ဦးကို ဒေါ်လာ ၁၅၀ ကနေ ဒေါ်လာ ၃၀၀ အထိ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ Facebook ဟာ အီလီနွိုက်စ်မှ သုံးစွဲသူ တစ်ဦးလျင် ဒေါ်လာ၄၀၀ နှုန်း နဲ့ ဒေါ်လာသန်း ၁၀၀ ထပ်တိုးပေးဖို့ သဘောတူလိုက်တာ ဖြစ်ပြီး ၂၀၁၁ နောက်ပိုင်း Facebook ပလက်ဖောင်းပေါ် တက်လာခဲ့တဲ့ အီလီနွိုက်စ်မှ ဓါတ်ပုံပိုင်ရှင်တိုင်းကို ပေးသွားမှာပါ။

ဒီသဘောတူညီမှုကို တရားရင်ဆိုင်သူ နှစ်ဘက်အသိုင်းအဝိုင်းမှ ကြေအေးမှု ရထားပြီး တရားသူကြီးရဲ့ အတည်ပြုမှု စောင့်ဆိုင်းဖို့တော့ လိုဦးမှာ ဖြစ်ပါတယ်။ Facebook ဟာ တစ်ခြား နည်းပညာကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Amazon ၊ Apple ၊ Google တို့မှ CEO တွေနဲ့အတူ လာမယ့်ဇူလိုင် ၂၇ ရက်နေ့မှာ အိမ်ဖြူတော်တရားရေးဌာန ဈေးကွက်ပြိုင်ဆိုင်မှုဆိုင်ရာ ဆပ်ကော်မတီရှေ့မှာ ကြားနာစစ်ဆေးမှု ခံရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က