ဆက်ပြီး အထက် ခုံရုံးတက်ဖို့ရှိပါတယ်။
Nyein Min Wai

သုံးစွဲသူတွေရဲ့ မျက်နှာဖတ်ရှူဖို့အချက်အလက်များ ရယူတဲ့ အမှူမှာ အယူခံပယ်ချခံရပြီးနောက် Facebook ဟာ နစ်နာမှူတွေအတွက် ဒေါ်လာ ဘီလျံနဲ့ချီပြီး လျော်ရတော့မှာပါ။


၂၀၁၅ ခုနှစ်က Facebook ဟာ အီလီနွိုက်စ် ဇီဝစနစ်အချက်အလက်မူပိုင်ခွင့်ရေးရာအက် ဥပဒေနဲ့တရားစွဲခံခဲ့ရပါတယ်။ ဒီအက်ဥပဒေဟာ မျက်နှာစကင်ဖတ်တာအပါအဝင် လူတွေရဲ့ ဇီဝအချက်အလက်တွေကို မရယူခင်မှာ ကုမ္ဗဏီတွေအနေနဲ့အများပြည်သူသိအောင် ကြေညာမှူ လုပ်ဖို့သတ်မှတ်ထားတာပါ။ Facebook ဟာ ဓါတ်ပုံတွေထဲမှာ ပါတဲ့ သုံးစွဲသူတွေရဲ့ မိတ်ဆွေတွေကိုပါ လိုက်ဖတ်ပြီး ချိတ်တဲ့ Tag Suggestions feature ထဲမှာ မျက်နှာပြင်ဖတ်နည်းပညာကို သုံးခဲ့တာ ဖြစ်ပါတယ်။

Photo: MSN

ဒါကြောင့် တရားစွဲခံရတာ ဖြစ်ပြီး Facebook ဘက်က အယူခံဝင်ခဲ့ပေမယ့်ဂျူရီလူကြီးများက ၃-၀ မဲနဲ့အယူခံ ပလပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ “ သုံးစွဲသူတွေ မသိဘဲ မျက်နှာပြင်ဖတ်နည်းပညာသုံးပြီး မျက်နှာပုံစံတစ်ခုကို ထုတ်ခဲ့တာဟာ လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်ပုဂ္ဂလိကကိစ္စတွေနဲ့အကျိုးစီးပွားကို စွက်ဖက်တာပါ” လို့တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဖောြ်ပထားပါတယ်။

Reuters သတင်းမှာ ဖော်ပြချက်အရ Facebook ဟာ သန်းနဲ့ချီတဲ့ သုံးစွဲသူတွေရဲ့ ဇီဝအချက်အလက်တွေ ရယူခဲ့တယ်လို့ဆိုပါတယ်။ အီလီနွိုက်စ် ဥပဒေအရ ချိုးဖောက်မှူတစ်ခုချင်းစီကို ဒေါ်လာ ၁ ထောင်ကနေ ၅ ထောင်အကြား ဒဏ်ကြေးသတ်မှတ်ထားတာဖြစ်လို့ Facebook ဟာ ဘီလျံပေါင်းများစွာ ဒဏ်ရိုက်ခံ၇ဖို့ရှိပါတယ်။

“ ကျွန်တော်တို့ဒီအဆုံးအဖြတ်ကို နောက်ထပ် သုံးသပ်ဖို့နည်းလမ်းရှာနေပါတယ်။ ကျွန်တော်တို့သုံးတဲ့ မျက်နှာပြင်ဖတ် နည်းပညာကို သုံးစွဲသူတွေအနေနဲ့အချိန်မရွေး ပိတ်နိုင် ဖွင့်နိုင်ပါတယ်” လို့Facebook ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်မှ ဆိုပါတယ်။ ဒီအမှူဟာ အမြင့်ဆုံးခုံရုံးအထိ ရောက်ဖို့ရှိပါတယ်။


က္က