loading...

loading...

loading...

ထိုင်း ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားမှာလည်း လုပ်ဆောင်ထားပါတယ်
Nyein Min Wai

ယာဉ်အငှားဝန်ဆောင်မှုလုပ်ငန်းကြီး ဖြစ်တဲ့ Grab ဟာ GrabBike မော်တော်ဆိုင်ကယ်အငှားဝန်ဆောင်မှုကို မလေးရှားနိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပြီလို့ ဆိုပါတယ်။

ပြိုင်ဘက် Ride-hailing ကုမ္ပဏီဖြစ်တဲ့ Gojek ကို မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကနေ ၂၀၂၀ နှစ်ဆန်းပိုင်းကစလို့ မလေးရှားမှာ အကန့်အသတ်နဲ့ လုပ်ငန်းစတင်ခွင့်ပေးပြီး မကြာခင်မှာ GrabBike ဝန်ဆောင်မှုကို ခွင့်ပြုချက် ပေးခဲ့တာပါ။ Grab ရဲ့ ဝက်ဘ်ဆိုက်မှာလည်း လာမယ့် ဇန်နဝါရီက စလို့ ၆ လကြာ pilot ပရိုဂရမ်အနေနဲ့ သယ်ယူပို့ဆောင်‌ရေး ဝန်ကြီးဌာနဆီက ခွင့်ပြုချက်ရထားတယ်လို့ ဖော်ပြထားပါတယ်။

Photo: Tech In Asia


GrabBike Pilot အစမ်းအစီအစဉ်ကို ကလန်ဗယ်လီမှာပဲ စတင် သွားမှာ ဖြစ်ပြီး အစားအသောက် ပို့ဆောင်မှုလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ GrabBike အတွက် မိတ်ဘက် ယာဉ်မောင်းတွေလည်း ခန့်အပ်ထားပြီး မိတ်ဘက်ယာဉ်မောင်းတွေရဲ့ မှတ်ပုံတင်စာရင်းပေးသွင်းမှုကို ဒီဇင်ဘာ ၂ ရက်နေ့အထိ ခွင့်ပြုထားပါတယ်။

ရွေးချယ်ခံရတဲ့ ယာဉ်မောင်းတွေကို ဒီဇင်ဘာ ၉ ရက်နေ့က စလို့ ငါးရက်ကြာ သင်တန်းပေးသွားမှာပါ။ ယာဉ်မောင်းလျှောက်ထားသူတွေဟာ သက်တမ်း ၅ နှစ်ထက် မကျော်သေးတဲ့ ဆိုင်ကယ် ရှိဖို့ လိုပြီး ယာဉ်မောင်းလိုင်စင်အပြင် ရဲနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပြစ်မှု ကျူးလွန်ခြင်း မရှိသူ ဖြစ်ရမယ်လို့ ဆိုပါတယ်။


Photo: wibestbroker


Grab ကုမ္ပဏီဟာ GrabBike ယာဉ်မောင်းတွေဆီကနေ ကော်မရှင်ကြေး ၂၀% ကောက်ခံသွားမှာ ဖြစ်ပြီး ယာဉ်မောင်းဂျာကင်နဲ့ ဆိုင်ကယ်စီးဦးထုတ်တစ်လုံး ထုတ်ပေးသွားမှာပါ။ ကလန်ဗယ်လီက GrabBike ယာဉ်မောင်းတွေကို ပထမတစ်လမှာ အထူးခံစားခွင့်တွေ ပေးသွားမယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ GrabBike ဝန်ဆောင်မှကို ထိုင်း ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့မှာ စတင်ထားပါတယ်။ အရှေ့တောင် အာရှရဲ့ အကြီးဆုံး Ride-Hailing ယာဉ်အငှားဝန်ဆောင်မှုဖြစ်တဲ့ Grabဟာ SoftBank ၊ Toyota ၊ Hyundai ၊ Booking.com နဲ့ Microsoft တို့ဆီက ရင်းနှီးမြှပ်နှံမှု ရထားပါတယ်။


loading...

က္က