Mask တပ်ဖို့ မလိုကြောင်း ပြောထားတဲ့ ဗွီဒီယို တင်ခဲ့တာပါ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အငယ်ဆုံးသားကို ၁၂နာရီကြာတဲ့အထိ Tweet မတင်နိုင်အောင် Twitter မှ ပိတ်ပင်ထားပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုကနေ ကာကွယ်ဖို့ ပါးစပ်နှာခေါင်းစည်း Mask တွေ မလိုအပ်ကြောင်း နဲ့ ကိုရိုနာဗိုင်းရပ်စ် ကုထုံးနဲ့ ပတ်သက်ပြီး ဆရာဝန်တစ်ယောက်ရဲ့ မှားယွင်းတဲ့ ပြောဆိုချက်ပါတဲ့ ဗွီဒီယိုကို Tweet ပေါ်မှာ တင်ခဲ့ပြီးနောက် Twitter မှ သမ္မတရဲ့ သားငယ် ဒေါ်နယ်ထရမ့်ဂျူနီယာကို Tweet တင်ခွင့် ၁၂ နာရီကြာ ပိတ်ပင်ထားခဲ့တာ ဖြစ်တယ်လို့ CNN Business သတင်းက ဆိုပါတယ်။



Photo: BBC


လက်ယာယိမ်း သတင်းမီဒီယာတစ်ခု ဖြစ်တဲ့ Breitbart News မှ ထုတ်လိုက်တဲ့ ဗွီဒီယိုဟာ တနင်္လာနေ့က အွန်လိုင်းမှာ လူပြောများခဲ့ပါတယ်။ ဒီဗွီဒီယိုထဲမှာ ပါတဲ့ ဆရာဝန်အဖွဲ့ထဲမှ စတယ်လာအီမန်နျူယယ်ဆိုတဲ့ ဆရာဝန်ဟာ Mask တပ်ဖို့ မလိုအပ်ကြောင်း ပြောထားပါတယ်။ 

ဒီဗွီဒီယို အွန်လိုင်းမှာ လူပြောများလာပြီးနောက် အွန်လိုင်းလူမှုကွန်ရက်တွေဖြစ်တဲ့ Facebook ၊ Twitter နဲ့ YouTube တို့ဟာ ပလက်ဖောင်းပေါ်ကနေ ဖြုတ်ချခဲ့ပါတယ်။ သမ္မတထရမ့်လည်း Twitter ပေါ်က ဒီဗွီဒီယိုကို ပုံစံအမျိုးမျိုးနဲ့ Retweet လုပ်ခဲ့ပေမယ့် Twitter ပေါ်တော့ ဒီဗွီဒီယိုကို Upload တင်ခဲ့ခြင်း မရှိပါဘူး။

သမ္မတထရမ့်ဟာလည်း ငှက်ဖျားရောဂါဆေးဖြစ်တဲ့ ဟိုက်ဒရော့စီကလိုရိုကွင်းကို COVID-19 ကာကွယ်ဆေးအဖြစ် တစ်နေ့တစ်လုံး သောက်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သူ ဖြစ်ပါတယ်။ COVID-19 လူနာတွေကို ဟိုက်ဒရော့စီ ကလိုရိုကွင်းနဲ့ စမ်းသပ်မှုဟာ အန္တရာယ်များတာကြောင့် WHO ဟာ ရပ်ဆိုင်းကြောင်း ကြေညာထားပါတယ်။

Photo: BBC

အမေရိကန်လူမှုကွန်ရက်ကုမ္ပဏီကြီးတွေဟာ ကိုရိုနာဗိုင်းရပ်စ်အကြောင်း သတင်းအချက်အလက်မှားတွေကို ဆက်တိုက် ဖြုတ်ချနေပါတယ်။ Twitter ဟာ ထရမ့်ဂျူနီယာရဲ့ ဗွီဒီယိုကို သတင်းအချက်အလက်မှား ဖြန့်ဖြူးမှုကြောင့် ဖြုတ်ချခဲ့သလို Breitbart News ကိုလည်း ယာယီကန့်သတ်မှုတွေ လုပ်ဆောင်ထားပါတယ်။

ထရမ့်ဂျူနီယာရဲ့ ပြောရေးဆိုခွင့်ရှိသူ အန်ဒီဆူရာဘီယန်းကလည်း သမ္မတသားရဲ့ အကောင့်ကို Twitter မှ ဆိုင်းငံ့လိုက်တာ မှန်ကြောင်း အတည်ပြုထားပါတယ်။ Twitter ဟာ သမ္မတသားကိုလည်း ဗွီဒီယိုနဲ့ Tweet ကို ဖျက်လိုက်ဖို့ တောင်းဆိုခဲ့သလို အများမြင်ကွင်းကနေလည်း ဖယ်ရှားထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က