Windows နဲ့Software တို့ကို လိုင်စင်နဲ့ဝယ်ယူသုံးစွဲဖို့လည်း ပါဝင်ခဲ့ပါတယ်။

ကွန်ပျူတာသုံး မြန်မာစာ စနစ်မှာ Non-Unicode စနစ်ကနေ မြန်မာ Unicode စနစ်ကို ပြောင်းလဲအသုံးပြုဖို့အပါအဝင် eGovernment ဖော်ဆောင်ရေးအတွက် ဆုံးဖြတ်ချက်တစ်ချို့ကို မေလ ၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကနေ ချမှတ်ခဲ့ပါတယ်။

         Unicode စံစနစ်ကို ဝန်ကြီးဌာနအားလုံးမှာ ၂၀၁၇ ဧပြီလ ၁ ရက်နေ့က စပြီး သုံးစွဲကြဖို့နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ Unicode Standard အဖြစ် လူသိများတဲ့ ISO-10646 standard ကြောင့် မြန်မာစာနဲ့ အချက်အလက်တွေ search လုပ်တာ ၊ sorting စဉ်တာ ၊ index ညွှန်းတာ နဲ့အချက်အလက်များ ဆွဲထုတ်တာမျိုးမှာ ပိုမိုတိကျပြီး စိတ်ချရတဲ့ ရလဒ်တွေ ထွက်လာမှာပါ။



Photo: myanmar.gov.mm


         ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရုံးအမှတ် ၅ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ e-Government ဦေးဆာင်ကော်မတီရဲ့ တတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ လက်ရှိ အသုံးပြုနေတဲ့ Myanmar 3 font ကို မသုံးဘဲ ISO 10646 standard နဲ့ပိုမို ကိုက်ညီမှု ရှိတဲ့ PyiDaungSu Font စနစ် ပြောင်းလဲ အသုံးပြုဖို့တိုက်တွန်းခဲ့ပါတယ်။

         ပြည်ထောင်စုဖောင့်ဟာ ကွန်ပျူတာသုံး မြန်မာစာစနစ်တစ်ခု ဖြစ်ပြီး နိုင်ငံတကာ Unicode စံကို ပိုမိုကိုက်ညီအောင် လိုက်နာထားကာ Myanmar 3 မှာ မပါဝင်သေးတဲ့ တိုင်းရင်းသားဘာသာစကားများ သုံးနိုင်မှာပါ။ ဒါ့အပြင် Myanmar 3 နဲ့မကိုက်ညီတဲ့ နောက်ဆုံးထွက် OS သစ်များ ၊ Office apps များ ၊ Google/Facebook စတဲ့ social media နဲ့တစ်ခြား software များ သုံးရာမှာ ပိုမို အဆင်ပြေအောင် အဆင့်မြှင့်တင်ထားတယ်လို့ဆိုပါတယ်။

         e-Government လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ သတင်းအချက်အလက်များ လုံခြုံစေရေးအတွက် Windows OS နဲ့Office Software များကို တရားဝင် လိုင်စင်ဝယ်ယူသုံးစွဲရေး ၊ မြန်မာနိုင်ငံနဲ့သင်လျော်ကိုက်ညီမှု ရှိတဲ့ Cyber Law တစ်ခု ဖြစ်ပေါ်စေရေးတို့လည်း ဝိုင်းဝန်းပူးပေါင်း ပါဝင် အကြံပြုဖို့တိုက်တွန်းခဲ့ပါတယ်။

         နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၂) မှာ ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးမှာ မြန်မာ Unicde စနစ်ကို အောက်တိုဘာ ၁ ရက်နေ့နောက်ဆုံးထား ပြောင်းလဲ သုံးစွဲနိုင်ရေးအတွက် Migration လုပ်နိုင်ဖို့အသိပညာပေးမယ့် အစီအစဉ်အပါအဝင် အချက်အလက် မူဝါဒ ၊ အချက်အလက် အမျိုးအစား ခွဲခြားခြင်းဆိုင်ရာ မူတွေကို ၂ လအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် အစီအစဉ်များ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။         

         ဒါ့အပြင် SIM ကတ် မှတ်ပုံတင်မှုမှာ common database တစ်ခု လုပ်ဆောင်မယ့်ကိစ္စများလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က