Phyo Min Thant

တာရှည်ခံတဲ့ ဘက္ထရီသက်တမ်းဟာ Smartphone များအတွက် အရေးပါသော အခန်ကဏ္ဍမှ ပါဝင်လာသလို ယခုနှစ်ပိုင်းမှာ Smartphone အများစုဟာ အရွယ်အစားနှင့် အလေးချိန် ပိုမိုကြီးမားလာပြီး ဘက္ထရီများရဲ့ စွမ်းဆောင်ရည်ဟာလည်း မြင့်မားလာတာကို မြင်တွေ့နိုင်ပါတယ်။

4000mAH ဘက်ထရီဟာပုံမှန်စွမ်းဆောင်ရည် ဖြစ်လာပြီး 5000mAh ကတော့ အနည်းငယ်စွမ်းဆောင်ရည်မြင့် ဖုန်းဖြစ်လာပါတယ်။ ဒါပေမဲ့   6000mAh ဘက်ထရီမှသာ တာရှည်ခံ ဘက္ထရီလို့ သတ်မှတ်ရတော့မှာပါ။

Real Energy King!

မြန်မာ့ Energy King 

ဒီလမှာ TECNO Mobile ဟာပြည်တွင်း ဈေးကွက်ထဲကို ပထမဉီးဆုံး ultra- long battery life 6000mAh ဘက္ထရီပါဝင်တဲ့ Pouvoir 4 Pro ကို ယူဆောင်လာတော့မှာ ဖြစ်ပါတယ်။ Pouvoir 4 Pro မှာ စွမ်းဆောင်ရည်မြင့် 6000mAh ဘက္ထရီ ပါဝင်လာမှာ ဖြစ်ပြီး တစ်ခါ အားသွင်းရုံဖြင့် လေးရက်ကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခါအားသွင်းရုံဖြင်လည်း မိနစ်ပေါင်း ၇၉၂ မိနစ်ခန့် ရုပ်ရှင်ကြည့်နိုင်သလို့ ၆၃၈မိနစ်ကြာ ဂိမ်းကစားနိုင်မှာလည်း ဖြစ်ပါတယ်။ ထိုနည်းတူစွာ တစ်ခါအားသွင်းရုံဖြင့် HD vlog များကိုလည်း ၅၂၆မိနစ်ကြာ ရိုက်ကူးနိုင်ဦးမှာပါ။

သူငယ်ချင်းများနှင့် Music Concert သွားတဲ့အခါ Selfie ရိုက်ခြင်း၊ Instagram ပေါ်တင်ခြင်း၊ Video တွေရိုက်ခြင်း စသည်ဖြင့် တစ်ချိန်လုံး ဖုန်းကို တောက်လျှောက် သုံးဖြစ်တဲ့ အချိန်တွေရှိပါလိမ့်မည်။

သူငယ်ချင်းများကို နှုတ်ဆက်ပြီး အိမ်ပြန်ချိန်ရောက်၍ ဖုန်းကို ကြည့်လိုက်တဲ့အခါ “ Battery ၁၀%သာ ကျန်ပါသည်” ဆိုတဲ့ Notification ကြောင့် အငှားကားအမြန်ခေါ်လိုက်သော်လည်း ဖုန်းပိတ်သွားလို့ ဒုက္ခရောက်တဲ့ အချိန်မျိုးမှာ……

တာရှည်အသုံးခံ ဘက္ထရီပါဝင်သည့် “ Energy King “ က ကူညီပေးပါလိမ့်မည်။

မြန်မာနိုင်ငံသို့ Energy King ရောက်ရှိမည့်အချိန်

ကျောဘက်မှာ16MP AI Quad camera နှင့် 5MP+2MP+AI lens ဝင်မှာ ဖြစ်ပြီး , အရှေ့ဘက်မှာ flash မီးနှစ်လုံး အထောက်အပံ့ပေးထားတဲ့ 16MP camera ပါဝင်မှာ ဖြစ်ပါတယ်။ 7-inch HD+ Drop Display ကြောင့် Pouvoir 4 Pro ဟာ Entertainment အတွက် ဖြစ်စေ၊ ဂိမ်းဆော့ရန်အတွက် ဖြစ်စေ အသင့်တော်ဆုံး ဖုန်းတစ်လုံးဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ Android Q ပေါ်မှာ TENCO ရဲ့ HI OS 6.0 အသုံးပြုထားသည့် Pouvoir 4 Pro ဟာ မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ မကြာမီ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

(ဒီသတင်းဆောင်းပါးကို TECNO Mobile မှပံ့ပိုးကူညီထားပါတယ်)


က္က