အာရှနဲ့အရှေ့အလယ်ပိုင်း ဈေးကွက် ၁၆ ခုမှာ ဝန်ဆောင်မှုပေးနေတဲ့ ကမ္ဘာ့ထိပ်တန်း အွန်လိုင်းဒစ်ဂျစ်တယ်ဗွီဒီယိုဝန်ဆောင်မှု Viu ကို စက်တင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့Novotel Yangon Max ဟိုတယ်မှာ မိတ်ဆက်ခဲ့ပါတယ်။
Photo: Viu Press release
Viu ရဲ့ ဒစ်ဂျစ်တယ် ဗွီဒီယိုဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်ကစပြီး မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အာရှတိုက်တစ်ဝှမ်းမှာ ထိပ်တန်း ဒစ်ဂျစ်တယ်ဝန်ဆောင်မှု တစ်ခုအဖြစ် ရပ်တည်လာခဲ့တာပါ။ Viu ဟာ အာရှတစ်ခွင်မှ အကောင်းဆုံး ဖျော်ဖြေရေး အစီအစဉ်များနဲ့ရုပ်ရှင်ဇာတ်လမ်းများကို မြန်မာပရိတ်သတ်များအတွက် ၁၀၀% မြန်မာစာတန်းထိုးနဲ့အွန်လိုင်း ဝန်ဆောင်မှု ပေးသွားမယ်လို့ကြေငြာခဲ့ပါတယ်။
ယခုဝန်ဆောင်မှုအတွက် Viu ဟာ ပြည်တွင်းမှ အင်တာနက် ကုမ္ပဏီ Myanmar Net နဲ့ပူးပေါင်းပြီး "အဝသုံးသုံး အမုန်းကြည့်" package ကနေ Viu app မှ ရုပ်သံဝန်ဆောင်မှုများကို ပုံသေဈေးနှုန်း ၊ အကန့်အသတ်မဲ့ဒေတာသုံးစွဲခွင့်များနဲ့ကြည့်ရှုနိုင်မယ်လို့ဆိုပါတယ်။
"ကိုရီးယားနှင့် တစ်ရက်တည်းပြမယ့် နာမည်ကျော် Running Man တီဗီ အစီအစဉ်တွေသာမက K ဒရာမာတွေ ဖြစ်တဲ့ The Heirs နှင့် Doctors စတဲ့ ဇာတ်လမ်းတွဲတွေ၊ နာမည်ကြီး ဇာတ်ကားတွေဖြစ်တဲ့ ထိုင်းက PeeMak နဲ့ အိန္ဒိယက Bhaagmathie အပါအဝင် Viu ရဲ့ ရုပ်ရှင်တွေ နဲ့ တီဗီအစီအစဉ်တွေအားလုံးမှာ ၁၀၀% ရာနှုန်းပြည့် မြန်မာစာတန်းထိုး တွေပါဝင်လာမှာ ဖြစ်ပါတယ်။”လို့Viu Myanmar ရဲ့ Country Manager ဖြစ်သူ Lavina Tauro က ပြောပါတယ်။
Viu ဟာ PCCW နဲ့Vuclip တို့မှ ပေးအပ်နေတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပြီး ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများ ဖြစ်သည့် ဘာရိန်း၊ အီဂျစ်၊ ဂျော်ဒန်၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျ နှင့် ယူအေအီး စတဲ့ ဈေးကွက်များမှာ မိတ်ဆက်ထားပါတယ်။
Photo: Viu Press release
Viu app ကို Google Play Store ကနေ အခမဲ့ ရယူနိုင်ပြီး Viu ဝန်ဆောင်မှုများကို စမတ်ဖုန်းနဲ့တက်ဘလက်များကနေ ဒေါင်းလုပ်ဆွဲ ရယူနိုင်မှာပါ။