ADA နဲ့ အရေးယူခဲ့တာပါ
Nyein Min Wai

ဘီးတပ်ကုလားထိုင်သုံး ခရီးသည်တွေအပေါ် ကုမ္ပဏီယာဉ်မောင်းတွေ ခွဲခြားဆက်ဆံခဲ့တာကြောင့် အမေရိကန်အစိုးရဟာ Lyft ကို ဒဏ်ငွေ ဒေါ်လာ ၄ သောင်း ဒဏ်ရိုက်ခဲ့ပါတယ်။

Lyft ဟာ မသန်စွမ်းခရီးသည်များကို စီးနင်းလိုက်ပါခွင့်ပြုဖို့ ငြင်းဆန်ခြင်း ၊ ရိုင်းစိုင်းစွာဆက်ဆံခြင်းများ လုပ်ခဲ့တယ်ဆိုပြီး အမေရိကန်တရားရေးဌာနကို ခရီးသည်လေးဦးမှ တိုင်ကြားခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ်ဒေသခံ ခေါက်သိမ်းနိုင် ဝှီးချဲသုံးခရီးသည်အမျိုးသားတစ်ဦးမှ Lyft ကို အနည်းဆုံးတိုင်ကြားမှု ၁၂ ခုအထိ တိုင်ကြားပြီးနောက် အမေရိကန်တရားရေးဌာနမှ Lyft ကို စုံစမ်းစစ်ဆေးမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo: Diverseability Magazine

ဝှီးချဲကြောင့် Lyft ဟာ သူ့ရဲ့ ကားငှားမှုကို ငြင်းခဲ့သလို ရိုင်းစိုင်းစွာ ဆက်ဆံခဲ့တယ်လို့ တိုင်ကြားခဲ့တာပါ။ အမေရိကန်တရားရေးဌာနရဲ့ စီရင်ချက်အရ Lyt ဟာ လော့စ်အိန်ဂျလိစ်အမျိုးသားကို ဒေါ်လာ ၃ သောင်းနဲ့ တစ်ခြားတိုင်ကြားသူ သုံးဦးကို ဒေါ်လာ လေးထောင် ပေးဖို့ သဘောတူညီခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Tech Crunch သတင်းမှာတော့ Lyft ဟာ အမေရိကန်ဘဏ္ဍာရေးဌာနကို ဒဏ်ကြေး ဒေါ်လာ ၄၀၀၀၀ ပေးသွားမယ်လို့ ဆိုပါတယ်။

"ဒီသဘောတူညီမျှအတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ခေါက်သိမ်းနိုင် ဝှီးချဲနဲ့ တစ်ခြား လမ်းလျှောက်အကူပစ္စည်းတွေ အသုံးပြုနေရတဲ့ သူတွေအတွက် Lyft သုံးရတာ ပိုလွယ်ကူစေဖို့ လုပ်နေသလို မူဝါဒတွေလည်း ပိုကောင်းအောင် ဆက်လက်ကြိုးပမ်းနေပါတယ်။" လို့ Lyft ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ 

Photo: Flipboard

Lyft ဟာ မသန်စွမ်းသူများအပေါ် ခွဲခြားမှု လုပ်ခဲ့တယ်ဆိုပြီး တစ်ခြားတိုင်ကြားမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့်ပဲ အမေရိကန်မသန်စွမ်းသူများ အက်ဥပဒေ ADA ကို ချိုးဖောက်မှုနဲ့ Lift ကို အမေရိကန်တရားရေးဌာနက ဒဏ်ရိုက်ခဲ့တာပါ။ ADA ဥပဒေဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းက အတည်ပြုခဲ့တဲ့ ဥပဒေတစ်ခုဖြစ်ပြီး နောက်လထဲမှာ နှစ်သုံးဆယ်ပြည့်တော့မှာ ဖြစ်ပါတယ်။ 

ဥပဒေအရ သယ်ယူပို့ဆောင်သူအားလုံးဟာ ဘီးတပ်ကုလားထိုင်တပ်ခရီးသည်တွေကို နေရာပေးဖို့ ညွန်ကြားထားသလို လမ်းပြခွေးလိုမျိုး အကူတိရစ္ဆာန်များပါ တင်ဆောင်ခွင့်ပြုရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 



ဆက်စပ်အကြောင်းအရာများ


Author


က္က