5G ကွန်ရက် ချိတ်ဆက်နိုင်မှာပါ

Motorola ဟာ ဒီဇိုင်းပြောင်းထားတဲ့ high-end မော်ဒယ်ဖုန်းသစ်တစ်မျိုး မိတ်ဆက်လာဖို့ ရှိပါတယ်။

Motorola Edge+ နာမည်နဲ့ မိတ်ဆက်သွားမယ့် ဒီဖုန်းသစ်ဟာ ဘေးဘောင်ကွေးညွတ်ထားတဲ့ Waterfall Display သစ်လာပြီး အပေါ်ဘယ်ထောင့်မှာ punch-hole ကင်မရာပေါက်တစ်ခု သုံးသွားဖို့ ရှိပါတယ်။ OnLeaks ကနေ သရုပ်ဖော်ထားတဲ့ ပုံအရ Motorola Edge+ ဟာ အပေါ်အောက် ပါးလွှာတဲ့ ဘေးဘောင်တွေနဲ့ ကျောဘက်မှာ ထောင်လိုက် သုံးလုံးတွဲကင်မရာစနစ်တွေ ပါရှိပါတယ်။



သတင်းတွေမှာတော့ Motorola Edge+ ဟာ မျက်နှာပြင် ၆.၇ လက်မ 90Hz refresh rate သုံးသွားဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီဖုန်းဟာ Motorola ထုတ် စမတ်ဖုန်းတွေထဲမှာ 108MP ကင်မရာကို ပထမဆုံး သုံးလာတဲ့ ဖုန်းဖြစ်ဖို့ ရှိပါတယ်။ Samsung ရဲ့ 108MP ကင်မရာသုံးပေမယ့် Xiaomi Mi Mix Alpha မှာ သုံးတဲ့ Tetracell ဗားရှင်းလား Galaxy S20 Ultra မှာပဲ သုံးသွားတဲ့ Nonacell ဗားရှင်းလားဆိုတာ မသိရသေးပါဘူး။

ကျောဘက်ထောင်လိုက်ကင်မရာတွေအနေနဲ့ 108MP ကင်မရာ 16MP နဲ့ 8MP ကင်မရာတွေ သုံးလာဖို့ ရှိပါတယ်။ ပေါက်ကြားနေတဲ့ သတင်းတွေထဲမှာ Motorola Edge+ ဟာ fast charging ပံ့ပိုးပေးထားတဲ့ 5170mAh အကြီးစားဘက်ထရီနဲ့ ထွက်လာမယ်လို့လည်း ဆိုထားပါတယ်။


Photo: cepkolik

Motorola Edge+ ဟာ ၂၀၁၈ တုန်းက မိတ်ဆက်သွားခဲ့တဲ့ Moto Z3 ပြီးရင် high-end processor နဲ့လာတဲ့ flagship ဖုန်းလည်း ဖြစ်ပါတယ်။ ၂၀၂၀ ထုတ် ပရီမီယံဖုန်းဖြစ်တဲ့အတိုင်း Motorola Edge+ ဟာ Snapdragon 865 processor သုံးလာဖို့ ရှိပြီး 5G ဖုန်းတစ်လုံးအဖြစ် မြင်ရမှာပါ။ memory ကိုလ်း RAM 8GB ၊ 12GB ဆိုပြီး ဗားရှင်းတွေ ထွက်လာဖို့ ရှိပါတယ်။

ဈေးကွက်မှာ တရားဝင် မိတ်ဆက်မယ့်ရက်ကိုတော့ Motorola ဘက်က မကြေညာရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ



က္က