ပြန်ပြီး recover လုပ်ပေးသွားမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

Instagram ကို ဝယ်ယူတဲ့အကြောင်းအပါအဝင် မတ်ခ်ဇူကာဘတ်ရဲ့ အရေးပါတဲ့ ပို့စ်အဟောင်းတစ်ချို့ဟာ Facebook ပေါ်မှာ ပျောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

         Facebook ကုမ္ပဏီရဲ့ CEO နဲ့ပူးတွဲတည်ထောင်သူလည်း ဖြစ်တဲ့ မတ်ခ်ဇူကာဘတ်ရဲ့ ၂၀၀၇ ကနေ ၂၀၀၈ အတွင်း တင်ခဲ့တဲ့ ပို့စ်တွေအားလုံး ကို Facebook လူမှုကွန်ရက်ကုမ္ပဏီမှ မတော်တဆ ဖျက်ခဲ့မိတယ်လို့Business Insider က ဖော်ပြထားပါတယ်။ အရင်က public နဲ့တင်ခဲ့တဲ့ ပို့စ်တွေ မီဒီယာတွေမှာ ဖော်ပြခံရတဲ့ ပို့စ်တွေ အခုဆို ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။

Photo: techtimes



         Facebook ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ နည်းပညာအမှားတွေကြောင့် မှားပြီး ဖျက်မိခဲ့တာလို့ပြောပါတယ်။ "ပြီးခဲ့တဲ့နှစ်အနည်းငယ်က မတ်ခ်ရဲ့ ပို့စ်တစ်ချို့ကို နည်းပညာအလွဲတွေကြောင့် မှားဖျက်ခံခဲ့ရပါတယ်။ ဒီပို့စ်တွေ ပြန်ဆယ်ဖို့က လက်ဝင်သလောက် ပြန်ရမယ် မရဘူးဆိုတာ မသေချာလို့ကျွန်တော်တို့မလုပပ်တော့ပါဘူး။" လို့ဒီပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

         ဒီထုတ်ပြန်ချက်မှာပဲ ဇူကာဘတ်ခ်ရဲ့ ပို့စ်အဟောင်းအတော်များများကို ကုမ္ပဏီရဲ့ ဘလော့ဂ်နဲ့သတင်းခန်းတွေမှာ ရှာလို့ရနိုင်တယ်လို့ဆိုပါတယ်။ အခုချိန် ဇူကာဘတ်ခ်ရဲ့ Facebook profile ထဲ ဝင်ကြည့်မယ်ဆိုရင် ၂၀၀၇ ကနေ ၂၀၀၈ အတွင်း တင်ထားတဲ့ ပို့စ်တွေ အကုန် ရှာလို့တွေ့မှာ မဟုတ်တော့ပါဘူး။ ဇူကာဘတ်ခ်ရဲ့ မှတ်ချက်တွေလည်း ပျောက်သွားပြီဖြစ်ပါတယ်။

         ၂၀၁၈ ဧပြီလထဲမှာပဲ မတ်ခ်နဲ့သူ့ရဲ့ Facebook အမှုဆောင်တစ်ချို့ကနေ သုံးစွဲသူတွေဆီ ပို့လိုက်တဲ့ မက်ဆေ့ချ်တွေ ပျက်ကုန်တဲ့ အဖြစ် ဖြစ်ပွားခဲ့ပါတယ်။ မတ်ခ်ဇူကာဘတ်ခ်အနေနဲ့သူ့ဆက်သွယ်တဲ့ လူတွေကို block တာမဟုတ်ဘဲ သူပို့တဲ့ မက်ဆေ့တွေ ပျက်ကုန်သွားတာ ဖြစ်ပါတယ်။ ထိုစဉ်က Facebook ဟာ ကုမ္ပဏီ CEO တွေရဲ့ မက်ဆေ့ချ်တွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ဖယ်ရှားခဲ့တာလို့ဆိုပါတယ်။

Photo: thenational

         ၂၀၁၄ ခုနှစ်က Sony Pictures ရဲ့ အီးမေလ်းတွေ hack ခံရပြီးနောက် Facebook အနေနဲ့ကုမ္ပဏီရဲ့ အမှုဆောင်တွေရဲ့ ဆက်သွယ်မှုကို ကာကွယ်ဖို့အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီထဲမှာ Messenger ထဲက မတ်ခ်ရဲ့ မက်ဆေ့တွေကို အချိန်အကန့်အသတ်နဲ့ထားရှိတာမျိုးလည်း ပါဝင်ပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က