Make Billionaires Pay Act မှာ အခွန်ဒေါ်လာဘီလျံနဲ့ချီ ပေးဆောင်ရမှာပါ

TikTok ကို ယှဉ်ပြိုင်မယ့် Reels ဗွီဒီယိုပလက်ဖောင်းကို ဖြန့်ချိပြီးနောက် Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ဘီလျံ ၁၀၀ ကျော်လာခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် လူမှုကွန်ရက်ကုမ္ပဏီသူဌေးကြီးဟာ Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့ နဲ့ Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်တို့ ပြီးရင် ကမ္ဘာပေါ်မှာ ပထမဆုံးဘီလျံ ၁၀၀ နဲ့ အထက် ပိုင်ဆိုင်သူ CentiBillionaire စာရင်းဝင်ခဲ့တယ်လို့ Bloomberg Billionaires Index က ဆိုပါတယ်။ 



Photo: Bloomberg

Facebook မှာ ရှယ်ယာ ၁၃% ပိုင်ဆိုင်တဲ့ မတ်ခ်ဇူကာဘတ်ဟာ ဒီနှစ်ထဲမှာ ဒေါ်လာ ၂၂ ဘီလျံခန့် ရရှိခဲ့ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဂျက်ဖ်ဘီဇော့စ်ကတော့ ၂၀၂၀ အတွင်း ဒေါ်လာ ၇၅ ဘီလျံကျော်အထိ ဝင်ခဲ့ပါတယ်။ TikTok ကို ယှဉ်ပြိုင်မယ့် Instagram Reels ကို အမေရိကန်မှာ မိတ်ဆက်ပြီးနောက် Facebook ရဲ့ ရှယ်ယာဟာ ၆% ကျော် မြင့်တက်လာခဲ့ပါတယ်။

Facebook အပါအဝင် အမေရိကန်ရဲ့ အကြီးဆုံးနည်းပညာကုမ္ပဏီကြီး၄ ခုဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းမှာပဲ ဈေးကွက်လက်ဝါးကြီးအုပ်မှု စွပ်စွဲချက်တွေကို ကွန်ဂရက်ရှေ့မှာ ကြားနာစစ်ဆေးခံခဲ့ရတာပါ။ ကွန်ဂရက်ရှေ့မှောက် ကြားနာမှုမှာ Facebook အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ခ် ၊ Apple CEO တင်မ်ကွတ်ခ် ၊ Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ် နဲ့ Google နဲ့ Alphabet အမှုဆောင်အရာရှိချုပ် ဆွန်ဒါပီချိုင်းတို့ တက်ခဲ့ရပါတယ်။

အမေရိကန်ရဲ့ အကြီးဆုံးနည်းပညာကုမ္ပဏီကြီး ၅ ခုဖြစ်တဲ့ Apple ၊ Amazon ၊ Alphabet ၊ Facebook နဲ့ Microsoft တို့ဟာ လက်ရှိမှာ အမေရိကန်တစ်နိုင်ငံလုံး GDP ရဲ့ ၃၀% ခန့် ဈေးကွက်တန်ကြေးရှိပြီး ၂၀၁၈ နှစ်ကုန်ပိုင်းမှာ နှစ်ဆနီးပါး တိုးလာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်လွှတ်တော်အမတ် ဘာနီးလ်ဆန်းဒါးစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကာလ ကျန်းမာရေးကုန်ကျစရိတ်အဖြစ် Make Billionaires Pay Act နာမည်နဲ့ မတ်လ၁၈ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့အတွင်း ဘီလျံနာတွေရဲ့ တိုးပွားလာတဲ့ အသားတင်ပိုင်ဆိုင်မှုများထဲမှ ၆၀% အခွန်အဖြစ် ကောက်ခံရေး စီစဉ်နေပါတယ်။

Photo: Bloomberg


ဒီအက်ဥပဒေဟာ ဘီလျံနာပေါင်း ၄၆၇ ဦးရဲ့ တိုးပွားလာတဲ့ ဒေါ်လာ ၇၃၁ ဘီလျံကို အခွန်ကောက်သွားမှာပါ။ ဥပဒေအရ ဩဂုတ်လ ၅ ရက်နေ့အထိ Amazon CEO ဂျက်ဘီဇော့စ်ဟာ အခွန် ဒေါ်လာ ၄၂.၈ ဘီလျံ ၊Tesla နဲ့ SpaceX CEO အီလွန်မတ်စ်ဟာ ဒေါ်လာ ၂၇.၅ ဘီလျံ ၊ Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်မှ ဒေါ်လာ ၂၂.၈ ဘီလျံ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်က ဟားဗတ်တက္ကသိုလ်တက်ရင်း အခန်းလေးထဲကနေ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကုမ္ပဏီကြီးကို စတင် တည်ထောင်လာခဲ့သူ ဇူကာဘတ်ခ်ဟာ သူ့ဘဝတစ်လျှောက်အတွင်း ပိုင်ဆိုင်ထားတဲ့ Facebook ရှယ်ယာ ၉၉% အထိ စွန့်လွှတ်ပေးလှူသွားဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က