ဖြန့်ချိမယ့် ရက် မကြေညာသေးပါဘူး

PS4 ၊ Xbox One နဲ့PC ဗားရှင်းအနေနဲ့ပဲ ထွက်ထားသေးတဲ့ Apex Legends ကို မိုဘိုင်းလ်ဗားရှင်းနဲ့ကစားနိုင်တော့မယ်လို့Electronic Arts (EA) က အတည်ပြုထားပါတယ်။

Photo: Daily Star

         Game Informer မှာ ဖော်ပြချက်အရ EA ဟာ Apex Legends ကို မိုဘိုင်းထုတ်ကုန်တွေအတွက် ဗားရှင်းတစ်ခုဖြန့်ချိသွားမယ်လို့ဆိုပါတယ်။ EA ရဲ့ CEO အန်ဒရူး ဝီလ်ဆင်ကတော့ "ခပ်စောစောက ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော်တို့ဟာ ဒီဂိမ်းကို မိုဘိုင်းအဖြစ် ပြောင်းဖို့စီစဉ်နေပြီး အာရှမှာ ဒီဂိမ်းဟာ အကြီးအကျယ်အောင်မြင်လိမ့်မယ်လို့လည်း ကျွန်တော်တို့မျှော်လင့်ထားပါတယ်။" လို့ပြောခဲ့ပါတယ်။

         ဂိမ်း publisher တွေဟာ မိုဘိုင်းထုတ်ကုန်အပါအဝင် ပလက်ဖောင်း အမျိုးမျိုးပေါ် ကစားလို့ရမယ့် cross-play ပလက်ဖောင်းကို သွားဖို့စီစဉ်နေပါတယ်။ PUBG နဲ့Fortnite တို့မှာလည်း အလားတူ Cross-play ပလက်ဖောင်းဖြစ်အောင် ဖန်တီးထားပါတယ်။ Apex Legends ဟာလည်းး Fortnite တို့လို အွန်လိုင်းတိုက်ခိုက်ရေး ဂိမ်းမျိုးဖြစ်တဲ့ MOBA ဂိမ်းမျိုး ဖြစ်ပါတယ်။

Photo: dexerto.com

         Respawn Entertainment နဲ့EA တို့ကနေ ထုတ်လိုက်တဲ့ Apex Legends ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က PS4 ၊ Xbox One နဲ့PC တို့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီး ၃ ရက်အတွင်း player ပေါင်း ၁၀ သန်း ကျော်လာခဲ့တာပါ။ တစ်ချိန်တည်းမှာ ဒီဂိမ်းကို ကစားနေသူက ၁ သန်းကျော်ရှိထားပါတယ်။

         Apex Legends ဟာ MOBA ဂိမ်းအနေနဲ့စတင်မိတ်ဆက်ပြီး တစ်လထဲမှာကို ဂိမ်းကစားသူ သန်း ၅၀ ကျော် ရှိလာခဲ့ပြီလို့ဆိုပါတယ်။ ဒီဂိမ်းမှာ သုံးဦးတစ်ဖွဲ့squad ပါပြီး အဖွဲ့လိုက်ကစားတဲ့ shooter ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းကို မိုဘိုင်းဗားရှင်းအနေနဲ့မိတ်ဆက်မယ်ဆိုရင် PUBG နဲ့Fortnite တို့ကို ယှဉ်နိုင်ဖို့ရှိပါတယ်။



က္က