မူပိုင်ခွင့်ပေါင်း ၂၃၀ ကျော်အတွက်လို့ဆိုပါတယ်။

     Huawei ဟာ အမေရိကန်တယ်လီကွန်း အော်ပရေတာတစ်ခု ဖြစ်တဲ့ Verizon ဆီက မူပိုင်ခွင့်ပေါင်း ၂၃၀ ကျော် ချိုးဖောက်မှုအတွက် ဒေါ်လာ ၁ ဘီလျံကျော် တောင်းသွားဖို့ရှိတယ်လို့ဆိုပါတယ်။


         Huawei ရဲ့ ဉာဏမူပိုင်ခွင့် လိုင်စင်ဆိုင်ရာ အမှုဆောင်အရာရှိတစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက Verizon အနေနဲ့မူပိုင်ခွင့် လိုင်စင်ကိစ္စအတွက် ပေးသင့်တယ်လို့ရေးသားခဲ့ကြောင်း Wall Street Journal က ဖော်ပြခဲ့ပါတယ်။ Reuters သတင်းမှာ ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့က ရေးသားချက်အရ Verizon ဆီကနေ Huawei ဟာ ကွန်ရက်လိုင်စင်မူပိုင်ခွင့် ၂၃၀ ကျော် အသုံးပြုခ အဖြစ် တောင်းဆိုသွားမယ်လို့ဆိုပါတယ်။



Photo: Firstpost

         Verizon ဟာ Huawei ရဲ့ မူပိုင်ခွင့်တွေကို အားကိုးနေရတဲ့ တစ်ခြားကုမ္ပဏီတွေဆီက ပစ္စည်းအစိတ်အပိုင်းတွေ သုံးနေတယ်လို့သိရပါတယ်။ ဒီမူပိုင်ခွင့်တွေထဲမှာ Huawei ရဲ့ core network ပစ္စည်းအစိတ်အပိုင်း ၊ ဝိုင်ယာကြိုးလိုင်း အခြေခံအဆောက်အဦကနေ IoT ( Internet of Things) နည်းပညာတွေအထိ ပါဝင်တယ်လို့ဆိုပါတယ်။ Verizon နဲ့Huawei ကိုယ်စားလှယ်တို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က နယူးယော့ခ်မှာ Huawei မူပိုင်ခွင့်တွေ ချိုးဖောက်မှု ရှိမရှိ ဆိုတဲ့အပေါ် ဆွေးနွေးမှု လုပ်ခဲ့တယ်လို့လည်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

         "ဒီကိစ္စက Verizon ဆိုတာထက် ပိုကြီးပါတယ်။" လို့Verizon ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရစ်ချတ်ယန်းက Reuters ကို ပြောပါတယ်။ " ပထဝီနိုင်ငံရေးပိုင်း နဲ့Huawei ပါဝင်ပတ်သက်နေတဲ့ ပြဿနာတိုင်းဟာ ကျွန်တော်တို့တယ်လီကွန်း တလောကလုံးကို ဂယက်တွေ ရိုက်နေပါတယ်။ နိုင်ငံတွင်းနဲ့နိုင်ငံတကာမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်"

         အခုကိစ္စနဲ့ပတ်သက်ပြီး Huawei ရော Verizon ရော မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပါဘူး။ လက်ရှိမှာ အမေရိကန်သမ္မတဟာ နိုင်ငံလုံခြုံရေး စိုးရိမ်ချက် အကြောင်းပြပြီး Huawei ကို အမေရိကန်ကုန်သွယ်ရေး ဌာနကနေ Entity List သွင်းထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က