ကယ်လီဖိုးနီးယား ရှေ့နေလုပ်ငန်းတစ်ခုမှ တစ်ဆင့် တိုင်ကြားထားတာပါ

အမေရိကန်လူမှုကွန်ရက်ကုမ္ပဏီကြီးတွေဟာ ထရမ့်ကမ်ပိန်းမှ တင်ထားတဲ့ ဂျော့ချ်ဖလွိုက်အမှတ်တရ ဗွီဒီယိုကို မူပိုင်ခွင့်အငြင်းပွားဖွယ် ရှိလို့ ဖယ်ရှားခဲ့ပါတယ်။

Twitter နဲ့ Facebook တို့ဟာ ဂျော့ချ်ဖလွိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံအနှံ့ ကန့်ကွက်ဆန္ဒပြမှုအတွက် လက်ဝဲယိမ်းအစွန်းရောက်တွေကို ပြစ်တင်ထားတဲ့ ဒေါ်နယ်ထရမ့်ကမ်ပိန်းရဲ့ ၄ မိနစ်စာ ဗွီဒီယိုကို ဖြုတ်ချခဲ့တာ ဖြစ်တယ်လို့ CNBC သတင်းမှာ ဖော်ပြထားပါတယ်။ ဒီဗွီဒီယိုကို @TeamTrump နဲ့ @TrumpWarRoom အကောင့်တွေကနေ တင်ခဲ့တာပါ။



Photo: theyucatantimes


မင်နီယာပိုလစ်မှာ ရဲအရာရှိတစ်ဦးရဲ့ ၉ မိနစ်နီးပါး ဒူးနဲ့ဖိပြီး အဓမ္မဖမ်းဆီးမှုကြောင့် သေဆုံးသွားခဲ့တဲ့ အာဖရိကန်-အမေရိကန်သား ဂျော့ချ်ဖလွိုက်ကို လေးစားကြောင်းပြတဲ့အနေနဲ့ တင်ခဲ့တာ ဖြစ်ပြီး မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုကြောင့် ပိတ်ခံရတာ ဖြစ်ပါတယ်။ Twitter ဟာ ဒီဗွီဒီယိုကို ပိတ်ချခဲ့ပြီး Facebook နဲ့ Instagram တို့ကတော့ ထရမ့်ကမ်ပိန်းအကောင့်တွေပေါ်က ဗွီဒီယိုပါတဲ့ ပို့စ်တွေကို ဖယ်ရှားခဲ့ပါတယ်။

ဗွီဒီယိုထဲမှာ ဖလွိုက်ရဲ့ သေဆုံးမှုဟာ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်တစ်ခုလို့ ထရမ့်မှ ပြောကြားခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေရဲ့ ပုံရိပ်တွေကို ထည့်သုံးခဲ့ပါတယ်။ ဗွီဒီယိုထဲမှာပဲ အဓိကရုဏ်းနဲ့ လုယက်မှု ကျူးလွန်နေတဲ့ ပုံတွေဖော်ပြခဲ့ပြီး လက်ဝဲအစွန်းရောက်အဖွဲ့များရဲ့ ဆူပူမှုနဲ့ မင်းမဲ့စရိုက်အကြောင်း သတိပေးခဲ့ပါတယ်။ မူပိုင်ခွင့်နဲ့ ငြိစွန်းတဲ့ အချက်အလက်အကြောင်းတော့ မသိရသေးပါဘူး။

Photo: India Post



"ကျွန်တော်တို့ မူပိုင်ခွင့်မူဝါဒအရ မူပိုင်ခွင့်ပိုင်ရှင်တစ်ယောက်ယောက် ဖြစ်စေ တရားဝင်ကိုယ်စားလှယ်ကဖြစ်စေ ပေးပို့လာတဲ့ မူပိုင်ခွင့်တိုင်ကြားမှုကို အမှန်အတိုင်း ဖြစ်အောင် လုပ်ပါတယ်" လို့ Twitter ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပါတယ်။ Politico သတင်းအရ ကယ်လီဖိုးနီးယား ရှေ့နေ ဆမ်ကူးလာ့ခ်ရဲ့ ရှေ့နေရုံးဟာ Twitter ၊ Facebook နဲ့ Instagram တို့ကို မူပိုင်ခွင့်အငြင်းပွားမှု တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ 

Twitter ရဲ့ ဒီ Tweet အောက်မှာTwitter နဲ့ ကုမ္ပဏီရဲ့ CEO ဂျက်ဒေါ်ဆီဟာ ထရမ့်ရဲ့ စိတ်အားတက်ပြီး စည်းလုံးရေးအတွက် ပေးတဲ့ မက်ဆေ့ချ်တွေကိုလည်း ဆင်ဆာဖြတ်တယ်လို့ စွပ်စွဲထားပါတယ်။ သမ္မတထရမ့်ဟာ ပြီးခဲ့တဲ့ လထဲမှာ လူမှုကွန်ရက်ကုမ္ပဏီများအတွက် ဥပဒေအကာအကွယ်ပေးမှုကို လျှော့ချမယ့် ဥပဒေတစ်ရပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က