လာမယ့်နှစ်မှာ OLED display တွေပဲ သုံးသွားတော့မှာပါ

နာမည်ကြီး iPhone ရေးရာ ခန့်မှန်းသူတစ်ဦးကတော့ Apple ဟာ လာမယ့် နှစ်မှာ 5G ဖုန်းကို ပထမဆုံး ကြေညာသွားမယ်လို့ခန့်မှန်းလိုက်ပါတယ်။


         Macrumors ဟာ မင်ချိကုအိုရဲ့ ခန့်မှန်းချက်ကို ကိုးကားပြီး လာမယ့် ၂၀၂၀ နှစ်လယ်မှာ 5G ရတဲ့ iPhone နှစ်လုံးနဲ့OLED မော်ဒယ် ၆.၁ လက်မ iPhone တစ်လုံး မိတ်ဆက်သွားမယ်လို့ဖော်ပြထားပါတယ်။ high-end မော်ဒယ်အနေနဲ့ထွက်လာမယ့် ဖုန်းနှစ်မျိုးဟာ မျက်နှာပြင် ၅.၄ လက်မနဲ့၆.၇ လက်မစီ ရှိပြီး ဖုန်းအားလုံးဟာ OLED panel ကိုပဲ သုံးသွားမယ်လို့ဆိုပါတယ်။



Photo: thegazette

         5G modems အတွက် Qualcomm ဟာ Apple ရဲ့ ပင်ရင်း supplier ဖြစ်ဖို့ရှိပြီး ရေဒီယိုကြိမ်နှုန်း ပါဝါအမ်ပလီဖိုင်ယာပိုင်းအတွက် Broadcom နဲ့Apple ဟာ သဘောတူညီမှု ရထားပါတယ်။ Apple ဟာ 5G iPhone တွေ ထုတ်နိုင်ဖို့အတွက် Qualcomm နဲ့တရားရင်ဆိုင်မှုမှာ အနည်းဆုံး ဒေါ်လာ ၄.၅ ဘီလျံ လျော်ကြေးပေးရဖို့ရှိတယ်လို့လည်း သတင်းများ ထွက်ထားပါတယ်။

         Apple အနေနဲ့အသစ်ထွက်လာမယ့် iPhone တွေမှာ Qualcomm chips သုံးတဲ့အတွက် လိုင်စင်ကြေး သီးသန့်ပေးရဖို့လည်း ရှိပါတယ်။ မင်ချိကုအိုရဲ့ အဆိုအရ လာမယ့် ၂၀၂၁ မှာ ထွက်သမျှ iPhone တွေဟာ 5G ကွန်ရက် ချိတ်ဆက်နိုင်တဲ့ ဖုန်းတွေ ဖြစ်လာမယ်လို့ဆိုပါတယ်။ Apple ကိုယ်တိုင်ကလည်း လာမယ့် ၂၀၂၂ ၊ ၂၀၂၃ မှာ Qualcomm ကို အားကိုးစရာမလိုဘဲ ကိုယ်ပိုင် modem တွေ ထုတ်သွားဖို့ရှိတယ်လို့မင်ချိကုအိုက ခန့်မှန်းပါတယ်။

Photo: idropnews


         ဒီနှစ်ထဲမှာ ထွက်လာမယ့် iPhone တွေဟာ Intel 4G modem ကိုပဲ သုံးသွားမှာ ဖြစ်ပြီး OLED panel သုံး iPhone နှစ်မျိုးနဲ့LCD display သုံးiPhone တစ်လုံး ပါလာမှာပါ။ iPhone 11 နဲ့iPhone 11 Max တို့ဟာ လက်ရှိထွက်ထားတဲ့ iPhone XS / XS Max တို့နဲ့အတော်များများ ဆင်ပြီး ultrawide camera တစ်လုံး ပါလာမယ်လို့ဆိုပါတယ်။

         iPhone XR ရဲ့ အဆက် ထွက်လာမယ့် ဖုန်းမှာတော့ dual camerasနဲ့ပိုကြီးတဲ့ ဘက်ထရီတွေ မြင်ရဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က