အိုင်တီလုပ်ငန်းနဲ့ဘီလျံနာ ဖြစ်လာသူ ၁၁ ဦး ရှိတာပါ။

ဝါရင်ဘတ်ဖတ်ကို ကျော်ပြီး Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ် ကမ္ဘာ့တတိယအချမ်းသာဆုံး နည်းပညာလုပ်ငန်းရှင် ဖြစ်လာပြီးနောက် ကမ္ဘာ့ချမ်းသာကြွယ်ဝမှုသမိုင်းဟာ အပြောင်းအလဲသစ်ကို ဦးတည်လာပါတယ်။ ဒီနှစ် နည်းပညာလုပ်ငန်းရဲ့ ထူးခြားချက်ကတော့ အိုင်တီလုပ်ငန်းနဲ့ဘီလျံနာ ဖြစ်လာသူ ၁၁ ဦး ရှိတာပါ။



 

(၁) အာရက် ဖာဒေါ့စကီ

https_%2F%2Fimages.forbes.com%2Fmedia%2F2015%2F07%2F27%2F0727_tech-dropbox-arash-ferdowsi_650x455.jpg

photo: Forbes

 

၂၀၁၈ မတ်လထဲမှာ အများပိုင် ပြောင်းပြီးနောက် Dropbox ပူးတွဲတည်ထောင်သူ အာရက်ဖာဒေ့ါစကီဟာ အသားတင် ဒေါ်လာ ၁.၁ ဘီလျံ ချမ်းသာလာခဲ့ပါတယ်။ အီရန်-အမေရိကန်နွယ်ဖွား ဖာဒေါ့စကီဟာ MIT မှာ ကျောင်းတက်ရင်းနဲ့ဒရူးဟတ်ဆန်နဲ့ပေါင်းပြီး ၂၀၀၇ မှာ Dropbox ကို ထောင်ခဲ့တာပါ။ ကျောင်းကနေ ထွက်ပြီး Dropbox မှာ CTO အနေနဲ့အလုပ်လုပ်ခဲ့ရာကနေ အခုဆို ဘုတ်အဖွဲ့ဝင်ဖြစ်လာပါတယ်။

 

(၂) ဒန်နီရယ် အဲခ်

BN-YA589_EKPROF_GR_20180328114112.jpg

photo: Wall Street Journal

 

ဒန်နီရယ်အဲခ်ကတော့ Spotify ရဲ့ CEO နဲ့ပူးတွဲ တည်ထောင်သူတစ်ဦးပါ။ Spotify ကို ဧပြီလက အများပိုင် ပြောင်းပြီးနောက် သူ့ရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ ၂.၉ ဘီလျံရှိလာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က သူဟာ ဂီတလုပ်ငန်းမှာ သြဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် Billboard မှာ ဖော်ပြခံရပါတယ်။

 

(၃) ဘင်နီ ဘန်ဆယ်

bloombergquint%2F2017-04%2F304cb05d-64cb-4ff2-83fb-f8609b1a9492%2F263273224_1-20.jpg

photo:Bloomberg

 

Walmart ကို ရှယ်ယာ ၇၇% ရောင်းချပြီးနောက် Flipkart ရဲ့ CEO နဲ့ပူးတွဲ တည်ထောင်သူ ဘန်ဆယ်ဟာ ဒေါ်လာ ၁.၃ ဘီလျံ ချမ်းသာသူ ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယနွယ်ဖွား ဆော့ဖ်ဝဲလ်အင်ဂျင်နီယာနဲ့အင်တာနက် စွန့်ဦးတီထွင်သူဟာ  နယူးဒေလီ နည်းပညာတက္ကသိုလ်က ကွန်ပျူတာ သိပ္ပံနဲ့အင်ဂျင်နီယာဘွဲ့ရတစ်ဦးလည်း ဖြစ်ပါတယ်။ Google ဆီက နှစ်ကြိမ်တိုင် အငြင်းခံရပြီးနောက် Amazon မှာ ၉ လကြာအောင် အလုပ်ဝင်ခဲ့ပြီးမှ Flipkart ကို ထောင်ခဲ့တာပါ။

 

(၄) ဆာချင်ဘန်ဆယ်

678835-flipkart-dna-india.jpg

photo: DNA India

 

ဘန်ဆယ်ချင်း တူနေတဲ့ နောက်ထပ် အိန္ဒိယသားဘီလျံနာ ဖြစ်ပါတယ်။ ထူးခြားတာက သူကလည်း Flipkart ကို တည်ထောင်ခဲ့သူထဲက တစ်ဦး ဖြစ်နေတာပါ။ မေလအထိ အချက်အလက်များအရ သူဟာ ဒေါ်လာ ၁.၆ ဘီလျံ ချမ်းသာတယ်လို့ဆိုပါတယ်။ ဘန်နီဘန်ဆယ်နဲ့အတူ ဒေလီနည်းပညာတက္ကသိုလ်မှာ တစ်ကျောင်းတည်း တက် ၊ တစ်ဘွဲ့တည်း ယူခဲ့ပါတယ်။ သူကတော့ pro gamer ဖြစ်ချင်ခဲ့ပြီး ဘန်နီနဲ့အတူ Amazon က နေအလုပ်ထွက် Flipkart တည်ထောင်မှုမှာ ပါဝင်ခဲ့ပါတယ်။

 

(၅) ဗဲလတ် တီနဗ် နဲ့ဘိုင်ဂျူ ဘဟတ်

5b43b26439a28722008b4c62-960-720.jpg

photo: Business Insider

 

ငွေကြေးနဲ့အာမခံဆိုင်ရာ မိုဘိုင်း app တစ်ခု ဖြစ်တဲ့ Robinhood ကုမ္ပဏီကို တည်ထောင်ခဲ့သူ နှစ်ဦးပါ။ အခုချိန်မှာ ဒေါ်လာ ၆ ဘီလျံတန်တဲ့ ကုမ္ပဏီရဲ့ ဝန်ဆောင်မှု သုံးစွဲသူဟာ အခုချိန်မှာ ၃ သန်း ရှိနေပါပြီ။ သူတို့ရဲ့ ပိုင်ဆိုင်မှုကလည်း အနည်းဆုံး ဒေါ်လာ ၁ ဘီလျံစီနဲ့အထက် မှာ ရှိနေပါတယ်။

 

(၆) ပါဗယ် ဘောဒစ်ဆ်

5b44bfd6967ba51d008b4de4-750-563.jpg

photo: Business Insider

 

Antivirus ဆော့ဖ်ဝဲလ်တစ်ခုဖြစ်တဲ့ Avast ကို ထောင်ခဲ့တဲ့ ပါဗယ်ဘောရစ်ဟာ အသက် ၆၀ နားကပ်ချိန်မှာ ကုမ္ပဏီကို IPO ခွဲရာကနေ ဘီလျံနာ ဖြစ်လာတာပါ။ ဒီချက်နိုင်ငံသား ဆော့ဖ်ဝဲလ်အင်ဂျင်နီယာဟာ ချက်ငွေကြေးဖြစ်တဲ့ ချက်ကော်ရူနာ ၂၁ ဘီလျံ ချမ်းသာပြီး ချက်နိုင်ငံရဲ့ သတ္တမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေပါတယ်။  (ချက်ငွေကြေး ၁ ကော်ရူနာဟာ ၁.၁၄၅ ဒေါ်လာနဲ့ညီပါတယ်။)

 

(၇) GitHub တည်ထောင်သူများ

microsoftgithublove.0.jpg

photo: Vox

 

Microsoft ကနေ ဒီနှစ် ဇွန်လမှာ ကမ္ဘာ့အကြီးဆုံး coding website ဖြစ်တဲ့ GitHub ကို ဒေါ်လာ ၇.၅ ဘီလျံနဲ့ဝယ်လိုက်တာကြောင့် GitHub တည်ထောင်သူ ၃ ဦး ဘီလျံနာ ဖြစ်သွားပါတယ်။ တွမ် ပရစ်စတန် ဝါနာ ၊ ခရစ္စ ဝန်စတာ့ချ် နဲ့ပီဂျေ ဟေးယက်တို့ဟာ developer ပေါင်း ၂၈ သန်းကျော် ၊ code repositories ပေါင်း ၈၅ သန်းကျော် ရှိတဲ့ GitHub ကို ဦးဆောင်ခဲ့တာပါ။ ပရစ္စတန် ဝါနာဟာ အသားတင် ၁.၂၅ ဘီလျံ ၊ ခရစ္စဝန်စတာ့ချ်ဟာ ဒေါ်လာ သန်း၃၆၀ နဲ့ပီဂျေဟေးယက်က ဒေါ်လာ သန်း ၁၀၀ စီ ချမ်းသာတယ်လို့Forbes က ဖော်ပြထားပါတယ်။

 

(၈) အားနော့ချူယီဂျစ်ဖ်

5b44cacb64444531008b49f7-750-750.jpg

photo: Business Insider

 

အွန်လိုင်း e-Commerce နဲ့မိုဘိုင်းငွေချေမှုတွေ လုပ်နေတဲ့ Adyen ရဲ့ CTO နဲ့ပူးတွဲ တည်ထောင်သူပါ။ ဇွန်လထဲမှာ Adyen ကို အများပိုင် ပြောင်းပြီးနောက် သူ့ရဲံ ရှယ်ယာများဟာ ဒေါ်လာ ၁ ဘီလျံကျော် တန်လာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က