FIRST Global Robotics Challenge 2019 မှာ ဝင်ပြိုင်နိုင်မှာပါ

     နည်းပညာနဲ့ကွန်ပျူတာကျောင်းပေါင်း ၄၆ ကျောင်းမှ အသင်းတွေပါဝင်တဲ့ Myanmar RoboLeague 2019 ရဲ့ ဖိုင်နယ်အဆင့်မှာ ရန်ကုန်နည်းပညာတက္ကသိုလ် အသင်းမှ ရရှိသွားတယ်လို့သိရပါတယ်။

         တိုင်းနဲ့ပြည်နယ် ၁၄ ခု ကိုယ်စားပြု တက္ကသိုလ်အသင်း ၁၄ သင်းဟာ Myanamr RoboLeague 2019 ဖိုင်နယ်အတွက် ရန်ကုန်မြို့သိမ်ဖြူ ၊ မိုးလုံလေလုံ အားကစားကွင်းမှာ ဇွန်လ ၁ ရက်နေ့က နောက်ဆုံးအဆင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ပထမဆုံးအကြိမ် နိုင်ငံအဆင့်ကျင်းပခဲ့တဲ့ Myanmar RoboLeague 2019 နောက်ဆုံးပွဲစဉ်မှာ ပြိုင်ပွဲတစ်ခုကို ၆ မိနစ်ကြာမြင့်ပြီး စုစုပေါင်း ၁၁ ပွဲ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။



Photo: Myanmar RoboLeague / Facebook page

         Myanmar RoboLeague 2019 ဟာ သဘာဝဘေးအန္တရာယ်အတွက် ကယ်ဆယ်ရေးစက်ရုပ်များနဲ့ရေကြီးချိန်မှာ ကယ်ဆယ်ရေးလုပ်ဆောင် ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ တက္ကသိုလ် ၄၆ ခုမှ ၂၀၀၀ ပြည့်နှစ် သြဂုတ်လနောက်ပိုင်း မွေးဖွားခဲ့တဲ့ အသက် ၁၉ နှစ်အောက် ပြိုင်ပွဲဝင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ ပွဲဖြစ်ပြီး အသင်း တစ်သင်းမှာ ပြိုင်ပွဲဝင် Participant ၅ ဦးနဲ့၂၀၀၀ ပြည့်နှစ် သြဂုတ်လမတိုင်ခင် မွေးသူ Mentor ၁ ဦးတို့ပါဝင်နိုင်မယ့် ပွဲလည်း ဖြစ်ပါတယ်။

         ဒီပြိုင်ပွဲကိုတော့ ပြည်တွင်းမှ Startup Accelerator တစ်ခု ဖြစ်တဲ့ ဖန်တီးရာမှ ဦးဆောင်ကျင်းပပြီး USAID နဲ့မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ပါချူပ်များ ကော်မတီတို့ရဲ့ ပံ့ပိုးမှုနဲ့ပထမဆုံးအကြိမ် နိုင်ငံအဆင့်အဖြစ် ကျင်းပသွားတာ ဖြစ်ပါတယ်။

         Phandeeyar Facebook စာမျက်နှာကနေ တိုက်ရိုက် ထုတ်လွှတ်တင်ဆက်တဲ့ Myanmar RoboLeague Final ပွဲစဉ်မှာ Best Program Award ဆုကို စစ်ကိုင်းတိုင်းကိုယ်စားပြုအသင်း ၊ Best Driving Team Award ဆုကို ပဲခူးတိုင်း ဒေသကြီးအသင်း ၊ Best Robot Design Award ဆုကို ကယားပြည်နယ် ကိုယ်စားပြုအသင်း ၊ Most Cooperative Award ဆုကို ကရင်ပြည်နယ်ကိုယ်စားပြု အသင်း ၊ Oustanding Mentor Award ကို ကချင်ကိုယ်စားပြုအသင်း ၊ Most Helpful Team Award ကို မန္တလေး ကိုယ်စားပြုအသင်း နဲ့Best Strategy Award ကို ရခိုင်ကိုယ်စားပြုအသင်းတို့ရရှိသွားခဲ့တယ်လို့ကြေညာထားပါတယ်။

Photo: Myanmar RoboLeague / Facebook page

         Myanmar RoboLeague 2019 ဖိုင်နယ်ပွဲစဉ်မှာ Winner ရခဲ့တဲ့ ရန်ကုန်တိုင်း ကိုယ်စားပြု ရန်ကုန်နည်းပညာတက္ကသိုလ်အသင်းဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ ကျင်းပသွားမယ့် FIRST Global Robotics Challenge 2019 မှာ သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဝါရှင်တန်မှာ ကျင်းပတဲ့ ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲ FIRST Global Robotics Challenge 2017 မှာ မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ်အသင်းဟာ ပြိုင်ပွဲ ၆ ပွဲမှာ ၅ ပွဲနိုင်ပြိး စုစုပေါင်း ၅၈၄ မှတ်နဲ့အဆင့် ၆ ဝင်ခဲ့ပါတယ်။

         ပြီးခဲ့တဲ့နှစ် မက္ကဆီကိုမှာ ကျင်းပတဲ့ FIRST Global Robotic Challenge ပြိုင်ပွဲမှာတော့ မြန်မာကိုယ်စားပြု စက်ရုပ်အသင်းဟာ အဆင့် ၆၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ FIRST Global Robotics Challenge 2019 ကိုတော့ ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ လာမယ့် အောက်တိုဘာ ၂၄-၂၇ အထိ ၄ ရက်တာ ကျင်းပသွားမယ်လို့FIRST Global ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က