download speed မှာ 1.6Gbps ကျော်တက်ခဲ့ပါတယ်။

ရန်ကုန်မြို့တွင်းမှာ MyTel ရဲ့ 5G ကွန်ရက်သုံးပြီး Speed Test လုပ်နေတဲ့ ဗွီဒီယိုဖိုင်တစ်ခု Facebook မှာ ပြန့်နှံ့နေပါတယ်။

Thịnh Hồ Lô နာမည်နဲ့Facebook သုံးစွဲသူတစ်ဦးမှ MyTel 5G speed Test လုပ်နေတဲ့ ဗွီဒီယိုဖိုင်တစ်ခုကို ဇူလိုင် ၂၉ ရက်နေ့လည်ပိုင်းမှာ တင်ခဲ့တာ ဖြစ်ပါတယ်။ MyTel ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Thịnh Hồ Lô အကောင့်ပိုင်ရှင်ရဲ့ ဗွီဒီယိုဖိုင်မှာ MyTel 5G ရဲ့ Download Speed ဟာ 1.6Gbps ကျော်တက်နေတာ တွေ့ရပါတယ်။ MyTel မှ စမ်းသပ်နေတဲ့ 5G ကွန်ရက်ရဲ့ upload speed မှာတော့ 115Mbps နှုန်းခန့်ရှိနေပါတယ်။



ီပို့စ်ကို တင်ခဲ့သူကတော့ " “Mytel ရဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး 5G စမ်းသပ်ချက်ကတော့ အောင်မြင်သွားလို့ ဂုဏ်ယူနေပါပြီနော်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး မိတ်ဆက်ပေးနိုင်တာဆိုတော့ အရမ်းတွေ ရင်ခုန်နေပြီလေ။” လို့ရေးထားပါတယ်။

ယခုနှစ်အတွင်း သုံးစွဲသူ ၁၀ သန်း အထိ ရှိလာဖို့လည်း ပစ်မှတ်ထားနေတဲ့ MyTel ဟာ 4G အင်တာနက်ဒေတာဝန်ဆောင်မှုများကို ပြိုင်ဘက်များထက် ဈေးချပြီး ဆွဲဆောင်ခဲ့တာကြေင့် MyTel သုံးစွဲသူများရဲ့ လစဉ်ဒေတာ အသုံးပြုမှုနှုန်းဟာ ၃၀% အထိ တိုးတက်လာခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ 

လက်ရှိမှာ MyTel ဝန်ဆောင်မှုများကို အမြဲတမ်း သုံးစွဲသူ ၅ သန်းခန့်ရှိနေပြီး အများစုမှာ 4G ဝန်ဆောင်မှုသုံးနေကြတာလည်း ဖြစ်ပါတယ်။ MyTel ဟာ 2G နဲ့4G ဝန်ဆောင်မှုများအပြင် Fixed broadband ကွန်ရက်များ တည်ဆောက်ရင်းနှီးမြှပ်နှံသွားမယ်လို့ဆိုပါတယ်။ 

ယခုသတင်းဆောင်းပါးအား MyTel မှ ကူညီပံ့ပိုးပေးထားပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က