loading...

loading...

loading...

ပုံမှန် SIM Card ဈေးအတိုင်း ၁၅၀၀ ကျပ်နဲ့ရောင်းချနေတာပါ
Nyein Min Wai

     eSIM နည်းပညာဝန်ဆောင်မှုကို ပြည်တွင်းမှာ ပထမဆုံးမိတ်ဆက်ထားတဲ့ MyTel ဟာ ဧပြီလဆန်း ၈ ရက်နေ့ကနေ မေလ ၇ ရက်နေ့အထိ eSIM များ အစမ်းရောင်းချမှု လုပ်ဆောင်နေပါတယ်။

         အစမ်းရောင်းချကာလမှာ eSIM ကို MyTelအရောင်းဆိုင်တွေမှာ ပုံမှန် SIM card ဈေးနှုန်းအတိုင်း ၁၅၀၀ ကျပ်နဲ့ရောင်းချသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ eSIM ဟာ physical SIM Card နေရာမှာ အစားထိုးလာတဲ့ SIM Card မလိုတဲ့ နည်းပညာဖြစ်ပြီး eSIM နည်းပညာကြောင့် နိုင်ငံခြားတိုင်ပြည်များကို မကြာခဏ ခရီးသွားသူများအတွက် roaming သီးသန့်eSIM ထည့်နိုင်တာကြောင့် ရောက်လေရာ နိုင်ငံက SIM ဝယ်ယူအသုံးပြုစရာ လိုမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

Photo: frontiermyanmar

         MyTel eSIM သုံးသူတွေဟာ eSIM နည်းပညာသုံးနိုင်တဲ့ မကာအို၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကနေဒါနဲ့တစ်ခြားနိုင်ငံ ၁၂ နိုင်ငံက ကွန်ရက်တွေကို အလွယ်တကူပြောင်းလဲ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ eSIM ကို ၂၀၁၈ မှာ မိတ်ဆက်ထားတဲ့ iPhone XS/XS Max နဲ့iPhone XR တို့မှာ အသုံးပြုနိုင်ပြီး Android ဖုန်းအနေနဲ့Pixel 2/2XL တို့မှာလည်း သုံးနိုင်ပါတယ်။

         MyTel ရဲ့ eSIM သုံးဖို့အတွက် နည်းလမ်း ၂ မျိုး ရှိပြီး ပထမနည်းမှာတော့ MyTel မှ ဝယ်ထားတဲ့ ဘောင်ချာကဒ်မှာ ပါတဲ့ QR code ကို scan ဖတ်ပြီး Setting ကနေ ပြန်ချိန်ပြီး အသုံးပြုနိုင်တဲ့ နည်း ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ app ကနေ သွားတာ ဖြစ်ပြီး MNO (Mobile Network Operator) app ကို ဖုန်းမှာ ထည့်သွင်းထားပြီး Settings မှာ ချိန်ပြီး eSIM သုံးနိုင်တာ ဖြစ်ပါတယ်။

         ဖုန်းတစ်လုံးမှာ eSIM တစ်ခုနဲ့physical SIM တစ်ခု သုံးနိုင်ပြီး physical SIM ကို primary slot နဲ့eSIM ကို secondary slot မှာ ထည့်သွင်းသုံးနိုင်မှာပါ။ ဒီနည်းပညာကြောင့် SIM card ပျောက်ဆုံး/ပျက်စီးမှုအတွက် စိတ်ပူစရာ မရှိသလို ဝိုင်ယာလက်ချိတ်ဆက်ရာမှာလည်း အလွန်မြန်လာမယ်လို့ဆိုပါတယ်။

         MyTel နဲ့ပူးပေါင်းပြီး နည်းပညာထောက်ပံ့ပေးထားတဲ့ Viettel ဟာလည်း ဗီယက်နမ်မှာ eSIM အစမ်းသုံးစွဲမှုကို မကြာသေးခင်က စတင်ခဲ့ပါတယ်။ လက်ရှိမှာ MyTel ကို ပုံမှန်သုံးစွဲသူ ၅ သန်း ခန့်ရှိနေပါတယ်။ 


loading...

က္က