ညနေ ၄ နာရီအထိ ကျင်းပသွားမှာပါ
Nyein Min Wai

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ၂၀၁၄ ခုနှစ်ကစပြီး ကျင်းပလာခဲ့တဲ့ IT Camp ဟာ ယခုအကြိမ်နဲ့ဆို စတုတ္ထအကြိမ်မြောက် ရောက်လာပြီ ဖြစ်ပါတယ်။

37734289_10156858875507662_1998264445343629312_n.jpg 

၂၀၁၆ ခုနှစ် တစ်နှစ်ကလွဲပြီး နှစ်စဉ် ကျင်းပလာတဲ့ UCSY IT Camp ဟာ နည်းပညာပိုင်းဆိုင်ရာအကြောင်းအရာများအပြင် ဗဟုသုတရဖွယ်များပါ ဆွေးနွေးဖလှယ်ခဲ့တာ ဖြစ်ပြီး ဦးဆောင်ဆွေးနွေးသည့် ပုဂ္ဂိုလ်နဲ့တက်ရောက်နားထောင်သူ ပရိတ်သတ်များ ထိတွေ့ရတဲ့ အိုင်တီပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ ယခုနှစ်အတွက် UCSY IT Camp 2018 ကို ဇူလိုင် ၂၅ ရက် မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ပြီး အိုင်တီနယ်ပယ်မှ နာမည်ကျော်ပုဂ္ဂိုလ်များမှ Guest speakers များအဖြစ် ဦးဆောင်ဆွေးနွေးသွားမှာပါ။

ဒီပွဲမှာ MCPA ဥက္ကဌ ဦးသောင်းဆုငြိမ်း ၊ UCSY ပါမောက္ခ ဒေါက်တာ မီမီဆုသွင် ၊ Fairway Technology ပူးတွဲတည်ထောင်သူ ကိုအိမောင် ၊ KBZ Bank မှ CIO ပီတီ ကူးပါး အပါအဝင် အိုင်တီနယ်ပယ်အစုံမှ ပညာရှင်များစွာ တက်ရောက်ဟောပြောသွားမယ်လို့ဆိုပါတယ်။ UCSY IT Camp 2018 မှာ ဟောပြောမယ့် ပုဂ္ဂိုလ်များရဲ့ အချိန်စာရင်းနဲ့နေရာ room များကို သိဖို့အတွက်လည်း  အန်းဒရိုက် app ကနေ ဝင်ရောက်ကြည့်ရှုနိုင်မှာပါ။

  37718544_10156858878297662_6083184338508185600_n.jpg

နှစ်စဉ် ကျင်းပနေကျ UCSY IT Camp ဟာ တက်ရောက်သူ ၂၅၀၀ နဲ့အထက် ရှိပြီး စိတ်ဝင်စားဖွယ် အိုင်တီနဲ့လူမှုဘဝအတွေ့အကြုံများ ဖြန့်ဖြူးတဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။


က္က