လောလောဆယ် အမေရိကန်မှာပဲ စတင်ထားတာပါ

video-sharing app တစ်ခု ဖြစ်တဲ့ TikTok ဟာ ဗွီဒီယိုဖန်တီးသူတွေအတွက် ဒေါ်လာသန်း ၂၀၀ တန် ရံပုံငွေတစ်ရပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ကြေညာခဲ့ပါတယ်။

TikTok Creators Fund အစီအစဉ်ဟာ ကနဦးရံပုံငွေအဖြစ် လူကြိုက်များတဲ့ ဗွီဒီယို content ဖန်တီးသူတွေကို ဒေါ်လာသန်း ၂၀၀ ရံပုံငွေပေးသွားမယ်လို့ ဆိုပါတယ်။ Creators Fund ရဲ့ ပထမအသုတ် အဖြစ် နာမည်ကျော် video creator ၁၉ ဦးကို ရွေးချယ်ထားတယ်လို့ The Verge သတင်းမှာ ဖော်ပြထားပါတယ်။



Photo: Business Insider


ဇူလိုင်လကုန်ပိုင်းမှာ ကြေညာခဲ့တဲ့ ဒေါ်လာသန်း ၂၀၀ တန် ရံပုံငွေအစီအစဉ်ဟာ creator တွေကို ဘယ်လို ပေးချေမှုလုပ်မယ် ၊ ဘယ်လောက်ပမာဏအထိ ပေးမယ်ဆိုတာမျိုး မကြေညာရသေးပါဘူး။ အစီအစဉ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ငွေပေးချေမှုပုံစံကို စီစဉ်နေဆဲ ဖြစ်တယ်လို့ ပြောထားပါတယ်။

Creators Fund မှာ ပါဝင်မယ့်သူတွေဟာ အသက် ၁၈ နှစ်နဲ့ အထက် ဖြစ်ဖို့ လိုပြီး TikTok မှာ follower ၁၀၀၀၀ နဲ့ အထက် ရှိရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက် ၃၀ အတွင်း ဗွီဒီယိုကြည့်ရှုသူပေါင်း 10K (၁၀၀၀၀) အနည်းဆုံး ရှိရမယ်လို့ ဆိုပါတယ်။ ကိုယ်တိုင်ဖန်တီးထားတဲ့ Original Contents တွေ ဖြစ်ဖို့ လိုပြီး ကုမ္ပဏီရဲ့ လူမှုကွန်ရက်စံတွေ ချိုးဖောက်ခြင်း မရှိရ လို့လည်း သတ်မှတ်ထားပါတယ်။

Photo: Asia Times Financial

ကြော်ငြာကနေ ငွေပေးနေတဲ့ YouTube ရဲ့ Creator Program မှာတော့ ဗွီဒီယိုဖန်တီးသူတွေဟာ သူတို့ရဲ့ ချန်နယ်မှာ Subscribe လုပ်သူ ၁၀၀၀ နဲ့ အထက် ရှိဖို့ လိုပြီး ၁၂ လအတွင်း ဗွီဒီယိုကြည့်ရှုမှု နာရီပေါင်း ၄၀၀၀ နဲ့ အထက် ရှိရမယ်လို့ ကန့်သတ်ထားပါတယ်။ TikTok ရဲ့ Creator Fund ကတော့ လက်ရှိမှာ အမေရိကန်နိုင်ငံအတွင်းက Video content ဖန်တီးသူတွေအတွက်ပဲ အကျုံးဝင်နေပါတယ်။

နောက်ပိုင်းမှာ ကမ္ဘာနဲ့ချီပြီး Creator Fund ထောက်ပံ့နိုင်အောင် လုပ်သွားမယ်လို့ ဆိုပါတယ်။ TikTok ဟာ ရံပုံငွေ သန်း ၂၀၀ ကနေ နောက် ၃ နှစ်အတွင်း ဒေါ်လာ ၁ ဘီလျံအထိ တိုးပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က