Giphy API ကို အရင်လိုပဲ access ပေးသွားမယ်လို့ ဆိုပါတယ်။

Facebook ဟာ GIF ဖန်တီးပြီး မျှဝေတဲ့ Giphy ဝက်ဘ်ဆိုက်ကို ဝယ်ယူလိုက်ပြီလို့ ဆိုပါတယ်။

Giphy ဟာ အင်တာနက်ပေါ်က အကြီးဆုံး GIF Site ကြီးတစ်ခု ဖြစ်ပြီး Gifs ပုံတွေ ဖန်တီးခြင်း ၊ လူမှုကွန်ရက်တွေပေါ် မျှဝေခြင်းများ လုပ်နိုင်တဲ့ tools တွေ ထုတ်ပေးရာ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ Axios သတင်းအရ Facebook နဲ့ Giphy ဟာ ဒေါ်လာ သန်း ၄၀၀ နဲ့ အရောင်းအဝယ် ဖြစ်သွားတယ်လို့ ဆိုပါတယ်။ 




Photo: explica

Facebook ဟာ အရင့်အရင်နှစ်တွေကတည်းက ကုမ္ပဏီပိုင် apps တွေ ဖြစ်တဲ့ Instagram ၊ Facebook ၊ Messenger နဲ့ WhatsApp တို့မှာ GIFs ဖန်တီးဖို့ Giphy ရဲ့ API ပေါ် မှီခိုနေရတာပါ။ Facebook ရဲ့ အဆိုအရ Giphy ကို သုံးစွဲမှုအားလုံးရဲ့ ၅၀% ဟာ ကုမ္ပဏီပိုင် apps တွေဆီက လာတာ ဖြစ်ပြီး Instagram တစ်ခုတည်းကပဲ ထက်ဝက်လောက် ယူသုံးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Giphy ကို အပိုင်ဝယ်လိုက်ပြီးနောက် ဒီဝန်ဆောင်မှုဟာ Instagram team ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။ နောက်ပိုင်းမှာ Instagram stories နဲ့ Direct Message တွေထဲ Gifs နဲ့ စတစ်ကာတွေ ပေးပို့ရာမှာ ပိုပြီးလွယ်ကူအောင် လုပ်ဆောင်သွားဖို့လည်း ရည်မှန်းထားပါတယ်။

Photo: BBC


"GIFs တွေကို ဆက်ပြီး upload တင်နိုင်ဦးမှာပါ။ developers နဲ့ API partners တွေလည်း Giphy ရဲ့ APIs တွေကို အရင်လိုပဲ ဆက်လက်ရယူနိုင်မှာ ဖြစ်ပြီး Giphy ရဲ့ creative community ကလည်း ကောင်းမွန်တဲ့ content တွေ ဆက်လက်ဖန်တီးနိုင်ဦးမှာ ဖြစ်ပါတယ်။"လို့ Instagram ရဲ့ ထုတ်ကုန်ဒုဥက္ကဌ ဗီရှေးရှားက သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

လူမှုကွန်ရက်နဲ့ ဖျော်ဖြေရေးဝန်ဆောင်မှုတွေ ဖြစ်တဲ့ Twitter ၊ Pinterest ၊ Slack ၊ Reddit စတဲ့ ပလက်ဖောင်းတွေလည်း GIFs အတွက် Giphy ရဲ့ API ပေါ် မှီခိုနေရပါတယ်။ Giphy ကို Facebook က အပိုင်ဝယ်လိုက်ပြီ ဖြစ်လို့ နောက်ပိုင်းမှာ Giphy API ပေးမှုဟာ ကန့်သတ်ကောင်း ကန့်သတ်လာနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က