bitcoin ထဲမှာ ငွေပေးချေမှု ၄၀၀ ကျော် ရသွားခဲ့ပါတယ်

Bitcoin scam လုပ်ပြီး ဘီလျံနာ အီလွန်မတ် ၊ ဂျက်ဖ်ဘီဇော့စ် နဲ့ ဘီလ်ဂိတ်စ်တို့ အပါအဝင် အမေရိကန်မှ ထင်ရှားကျော်ကြားသူတွေရဲ့ Twittter အကောင့်တွေကို တိုက်ခိုက်မှုကနေ ဟက်ကာတွေဟာ ဒေါ်လာ သိန်းချီ ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က ဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ ကမ္ဘာကျော် သူဌေးကြီးများ ၊ နိုင်ငံ‌ရေးသမားနဲ့ အနုပညာရှင်များကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဟက်ကာတွေ ထိန်းချုပ်ခဲ့တဲ့ Twitter အကောင့်တွေထဲမှာ သမ္မတလောင်း ဂျိုးဘိုင်ဒင် ၊ သမ္မတဟောင်း ဘားရက်ခ်အိုဘားမားနဲ့ Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်တို့လည်း ပါခဲ့ပါတယ်။




Photo: The Next Web

ဟက်ကာတွေဟာ သူတို့ ထိန်းချုပ်ထားတဲ့ အကောင့်တွေပေါ်ကနေ Bitcoin လိမ်လည်မှုတစ်ခု လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဟက်ကာတွေ တင်ခဲ့တဲ့ ပို့စ်ထဲမှာ ညွှန်းထားတဲ့ bitcoin wallet ထဲ ငွေပေးပို့တိုင်း နှစ်ဆပြန်ရမယ်လို့ ပြောထားပါတယ်။ လိမ်လည်သွားတဲ့သူတွေဟာ bitcoin ထဲမှာ ငွေပေးချေမှု ၄၀၀ ကျော် ရသွားခဲ့တယ်လို့ CNBC သတင်းက ဆိုပါတယ်။

ကြာသာပတေးနေ့ ငွေလဲနှုန်းအရ ဒါဟာ စုစုပေါင်း ဒေါ်လာ ၁၂၁၀၀၀ ရှိတာ ဖြစ်တယ်လို့ Cryptocurrency စံနှုန်းဆိုင်ရာ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Elliptic က ဆိုပါတယ်။ Bitcoin Scammer တွေဟာ bitcoin လိပ်စာ သုံးခုခွဲတင်ခဲ့ပြီး ငွေလွှဲမှု မရရှိခဲ့တဲ့ Ripple cryptocurrency အတွက်လည်း လိပ်စာတစ်ခု ပါခဲ့တယ်လို့ Elliptic ပူးတွဲတည်ထောင်သူ ရော်ဘင်ဆန်က ပြောပါတယ်။

Twitter တိုက်ခိုက်မှုကနေ အကြီးဆုံးရလိုက်တဲ့ ငွေလွှဲမှုဟာ ဒေါ်လာ ၄၂၀၀၀ အထိ ရှိပြီး ဂျပန် cryptocurrency exchange တစ်ခုဆီ လွှဲလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ Bitcoin wallet ထဲမှာ fund တွေ ဝင်ပြီး မကြာခင်မှာ မတူညီတဲ့ bitcoin လိပ်စာတွေဆီ ပေးပို့လိုက်တာ ဖြစ်ပါတယ်။ အမေရိကန် exchange ကြီးတစ်ခု ဖြစ်တဲ့ Gemini ဟာ ဒီ bitcoin လိပ်စာတွေကို blacklist သွင်းထားတယ်လို့ ပြောပါတယ်။

Photo: CNN

Twitter ရဲ့ ထုတ်ပြန်ချက်အရ ကုမ္ပဏီရဲ့ internal systems နဲ့ Tools တွေကို ကိုင်ခွင့်ရတဲ့ ဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး Social engineering ပူးပေါင်းတိုက်ခိုက်ခံလိုက်ရတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ခံရတဲ့ အကောင့်တွေထဲမှာ ပါတဲ့ ဂျက်ဖ်ဘီဇော့စ် ၊ အီလွန်မတ်စ် နဲ့ ဘီလ်ဂိတ်စ်တို့ ဟာ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ဦး စာရင်းမှာ ပါပြီး သုံးဦးပေါင်း ဒေါ်လာ ၃၆၂ ဘီလျံအထိ ပိုင်ဆိုင်တာပါ။

ဒါဟာ Twitter ပေါ်က အကြီးမားဆုံးဖောက်ထွင်းမှုတစ်ခု ဖြစ်ပြီး Verified Accounts တွေကို ပြန် ရယူနိုင်ပြီလို့လည်း Twitter က ထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုကို Twitter ဟာ စုံစမ်းစစ်ဆေးနေပြီး FBI ကလည်း Twitter တိုက်ခိုက်ခံရမှုကို အမျိုးသားလုံခြုံရေးအန္တရာယ်တစ်ခုအဖြစ် စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က