၁၀ လကျော် ပေါက်ကြားနေခဲ့တာပါ
Nyein Min Wai

၂၀၁၈ မေလကုန်ကတည်းက နာမည်ကြီး စားသောက်ဆိုင်တွေမှာ လာစားသူတွေရဲ့ ခရစ်ဒစ်ကဒ်တွေကို ဟက်ကာတွေ ရယူသွားခဲ့တာ ဖြစ်ပါတယ။်

         နိုင်ငံတကာစားသောက်ဆိုင် လုပ်ငန်းကြီးတွေ ဖြစ်တဲ့ Earl of Sandwich ၊ Planet Hollywood ၊ Buca Di Beppo စတဲ့ ဆိုင်တွေဟာ ဒီပေါက်ကြားမှုကို KrebsOnSecurity လုံခြုံရေးအဖွဲ့အစည်းပြောမှ သိခဲ့ရတာပါ။ The Verge သတင်းမှာ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ KraebsOnSecurity ဟာ ဒီဆိုင်တွေရဲ့ ဖောက်သည်တွေ ကိုင်ဆောင်တဲ့ credit နဲ့debit ကတ်တွေကို အွန်လိုင်းမှာ ရောင်းချနေတဲ့ အထောက်အထားကို တွေ့ရှိခဲ့ကောင်း အသိပေးခဲ့ပါတယ်။

Photo: The Verge

         ဟက်ကာတွေဟာ ပြည်နယ် ၄၀ မှာ ရှိတဲ့ စားသောက်ဆိုင်နေရာတွေမှ ခရစ်ဒစ်နဲ့အကြွေးဝယ်ကတ်ပေါင်း ၂.၁၅ သန်း ကို ခိုးယူဖို့POS အရောင်းစနစ်တွေထဲမှာ malware ထည့်သွင်းခဲ့တယ်လို့ဆိုပါတယ်။ သူတို့ဟာ ကတ်နံပါတ်တွေ ၊ သက်တမ်းကုန်မယ့်ရက် နဲ့ကတ်ကိုင်ဆောင်သူတွေရဲ့ နာမည်ပါ ရယူသွားခဲ့တာ ဖြစ်ပြီး အွန်လိုင်းပေါ်က မှောင်ခိုဈေးကွက်တွေမှာ သီတင်းပတ်ပေါင်းများစွာကြာအောင် ရောင်းချနေခဲ့တာပါ။

         Earl Enterprises ကတော့ ဒီခရစ်ဒစ်ကတ်ပေါက်ကြားမှုဟာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကနေ မတ်လ ၁၈ ရက်အကြားအထိ ဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ခဲ့ပြီး အခုချိန်မှာ ဒီဖြစ်ရပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ကြေညာထားပါတယ်။ ခရစ်ဒစ်ကဒ်ခိုးဖို့malware ထည့်ခံရတဲ့ ဆိုင်တွေထဲမှာ Buca di Beppo ၊ Earl of Snadwich ၊ Planet Hollywood ၊ Chicken Guy! ၊ Mixology နဲ့Tequila Taqueria ဆိုင်ခွဲများ ပါဝင်ခဲ့ပါတယ်။

         လက်ရှိမှာ Earl Enterprises မှ ခရစ်ဒစ်ကဒ်အချက်အလက် အခိုးခံရတဲ့ ဆိုင်တည်နေရာတွေကို ဖောက်သည်များ ဝင်ကြည့်နိုင်စေဖို့ဝက်ဘ်ဆိုက်တစ်ခု ဖွင့်ထားပြီး အွန်လိုင်းကနေ အော်ဒါမှာသူတွေကတော့ ဒီပေါက်ကြားမှုမှာ မပါဝင်ခဲ့ဘူးလို့ဆိုပါတယ်။


က္က