loading...

loading...

loading...

ဆန္ဒပြမှုမှာ ပါခဲ့သူတွေ အလုပ်ဖြုတ်ခံရတာပါ
Nyein Min Wai

ကုမ္ပဏီရဲ့အချက်အလက် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေ ချိုးဖောက်ခဲ့တယ်ဆိုပြီး ဝန်ထမ်း ၄ ဦးကို Google မှ အလုပ်ရပ်နားခဲ့ပါတယ်။

ဆန်ဖရန်စစ္စကို Google ရုံးတွေမှာ ဝန်ထမ်း ၂၀၀ ခန့်နဲ့ တစ်ခြားဝန်းရံသူတွေ ပါဝင်တဲ့ ဆန္ဒပြမှုတွေအပြီးမှာ အခုလို အလုပ်ဖြုတ်လိုက်ကြောင်း သတင်းတွေ ထွက်လာတာပါ။ နိုဝင်ဘာ ၂၂ ရက်နေ့က ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ ကုမ္ပဏီအကြောင်း ထုတ်ဖော်ပြောကြားမှုအတွက် ဝန်ထမ်းတွေကို တန်ပြန်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Photo: businessinsider


Google ဝန်ထမ်း ၂ ဦးဖြစ်တဲ့ လောရင့်စ်ဘာလန်နဲ့ ရေဗက္ကာရီးဗားစ်တို့ကို ယခုလဆန်းပိုင်းက အလုပ်တာဝန်ကနေ ရပ်စဲမှုလုပ်ဆောင်ခဲ့ပြီးနောက် ဆန္ဒပြမှုတွေ ပိုပြီး အရှိန်မြှင့်လာခဲ့တာပါ။ Google ကတော့ ဒီဝန်ထမ်း ၂ ဦးဟာ အလုပ်တာဝန်ကို ကျော်ပြီး ကုမ္ပဏီအတွင်း အထောက်အထားတွေနဲ့ ပြက္ခဒိန်အချက်အလက်တွေ ရယူမှုအပါအဝင် မူဝါဒချိုးဖောက်မှုအပေါ် စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၅ ရက် တနင်္လာနေ့က ဝန်ထမ်းတွေဆီ ပေးပို့တဲ့ အသိပေးစာမှာတော့ စုံစမ်းစစ်ဆေးမှုတွေအရ ဝန်ထမ်း ၄ ဦးဟာ မရိုးဖြောင့်တဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် အလုပ်မှ ထုတ်ပယ်လိုက်တယ်လို့ Google ရဲ့ လုံခြုံရေးနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ၃ ဦးက ရေးသားခဲ့ပါတယ်။ " စုံစမ်းစစ်ဆေးချက်တွေအရ ဒီဝန်ထမ်းတွေဟာ တစ်ခြား ဝန်ထမ်းတွေရဲ့ အချက်အလက်နဲ့ အလုပ်အတွက် စနစ်ကျတဲ့ ရှာဖွေမှုလုပ်ခြင်းမှာ ပါဝင်ခဲ့ပါတယ်" လို့ ရုံးတွင်း ပေးပို့တဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

ဒီစာကို Bloomberg က ပထမဆုံး ရေးသားဖော်ပြခဲ့ပြီး Google ဘက်ကလည်း အတည်ပြုခဲ့ပါတယ်။ နောက်ထပ် ဘယ်ဝန်ထမ်းတွေကို အလုပ်က ရပ်နားသွားမယ်ဆိုတာကိုတော့ ကုမ္ပဏီဘက်က မှတ်ချက်ပြု ပြောကြားထားခြင်းမျိုး မရှိသေးပါဘူး။ Google က အလုပ်ဖြုတ်လိုက်တဲ့ ရီဗားစ်ဟာ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်ရေးရာနဲ့ Google ရဲ့ သဘောတူစာချုပ်တွေအကြောင်း ဖွင့်ချခဲ့သူ ဖြစ်ပါတယ်။

ရီးဗားစ်နဲ့အတူ အရေးကြီးသတင်းအချက်အလက်တွေ မျှဝေခဲ့မှုကြောင့် အလုပ်ထုတ်ခံရတဲ့ လောရင့်စ်ဘာလန်ကတော့ ၂ နာရီခွဲကြာမြင့်တဲ့ စုံစမ်းစစ်ဆေးခံရမှုအတွင်း သူမဘက်က တင်ပြပြောဆိုခွင့်မရခဲ့သလို အပေါ့သွားဖို့ပါ အနားမပေးခဲ့ဘူးလို့ ဆိုပါတယ်။ သူမရဲ့ အလုပ်ခွင်က ပစ္စည်းတွေလည်း အသိမ်းခံရသလို ကိုယ်ရေးအချက်အလက်တွေလည်း အဖျက်ခံထားရတယ်လို့ CNBC သတင်းက ဖော်ပြထားပါတယ်။


Photo: Duwun Tech

အလုပ်သမားစည်းရုံးရေးမှူးတွေဘက်က တင်ထားတဲ့ ဘလော့ဂ်ပို့စ်မှာတော့ အလုပ်ထုတ်ခံရသူ ၄ ဦးစလုံးဟာ အလုပ်သမားတက်ကြွလှုပ်ရှားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဘလော့မှာပဲ Google ကို သမဂ္ဂစည်းလုံးမှုကို ဖြိုခွဲရေး အစီအမံတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပါတယ်။ Google ဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ နှစ်နှစ်ခန့်ကလည်း ကုမ္ပဏီရဲ့ စစ်တပ်နဲ့ ပူးပေါင်းမှု ၊ ကုမ္ပဏီတွင်း လိင်ပိုင်းအကြမ်းဖက်မှုအပေါ် အမှုဆောင်တွေနဲ့ ဖြေရှင်းမှုနဲ့ တရုတ်မှာ search engine ဝန်ဆောင်မှု လုပ်မယ့်အပေါ်လည်း ကန့်ကွက်ခဲ့ကြပါတယ်။


loading...

က္က