စက်ရုပ် ၄ ခု ဝယ်သွားမှာပါ

ဥရောပမှာ COVID-19 ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်လာတဲ့ စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးဖို့ စက်ရုပ်တွေ သုံးသွားမယ်လို့ ဆိုပါတယ်။

စပိန်နိုင်ငံအာဏာပိုင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ တစ်နေ့ကို လူပေါင်း ၁၅၀၀၀ ကနေ ၂ သောင်းအကြား ဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးနေတာပါ။ တနင်္လာနေ့က စပိန်အစိုးရရဲ့ တရားဝင်ကြေညာချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအားလုံးရဲ့ ၁၂ % ဟာ ကျန်းမာရေး လုပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။



မက်ဒရစ်အခြေစိုက် ကျန်းမာရေးအင်စတီကျူဒ် Carlos III ရဲ့ အကြီးအကဲ ရက်ကွဲလ်ရော့တီ (Photo: Daily Mail)


စနေနေ့က ပြုလုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ စပိန်ကျန်းမာရေးလုပ်သားများ ကိုရိုနာဗိုင်းရပ်စ်နဲ့ ထိတွေ့နိုင်တဲ့ အန္တရာယ်ကို လျှော်ချဖို့နဲ့ စပိန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုကို လေးဆတိုးပြီး စစ်ဆေးနိုင်ဖို့ စက်ရုပ်တွေ သုံးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

" စက်ရုပ်တွေကနေ အလိုအလျောက် စစ်ဆေးနိုင်တဲ့ အစီအစဉ်ကို ဒီဇိုင်းချထားပါတယ်။ စပိန်အစိုးရအနေနဲ့ တစ်နေ့ကို ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုပေါင်း ၈ သောင်းအထိ လုပ်နိုင်မယ့် စက်ရုပ် ၄ ခု ဝယ်ဖို့ ကတိပြုထားပါတယ်။" လို့ မက်ဒရစ်အခြေစိုက် ကျန်းမာရေးအင်စတီကျူဒ် Carlos III ရဲ့ အကြီးအကဲ ရက်ကွဲလ်ရော့တီက ပြောပါတယ်။

စပိန်အစိုးရအာဏာပိုင်တွေအနေနဲ့ စက်ရုပ်တွေရဲ့ လုပ်ဆောင်ချက်အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပြန့်ပွားရာ မက်ဒရစ်မြို့အာဏာပိုင်တွေဟာ ဟိုတယ်များကို ဆေးရုံအဖြစ် ပြောင်းလဲ အသုံးပြုသွားမယ့်အကြောင်း ကြေညာထားပါတယ်။ မတ်လ ၂၃ ရက်နေ့အထိ စပိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၁၈၂ ဦးကျော် ရှိပြီး ကူးစက်ခံရသူ ၃၃၀၈၉ ဦးအထိ ရှိလာပြီလို့ ဆိုပါတယ်။


ပိုးသတ်နေသည့် UVD စက်ရုပ်တစ်ခု (Photo: VOX)


COVID-19 ကမ္ဘာ့ကပ်ရောဂါဘေးအတွင်းမှာ နိုင်ငံအများအပြားဟာ ရောဂါကူးစက်မှု လျှော့ချဖို့နဲ့ ရောဂါလက္ခဏာစစ်ဆေးမှု မြန်ဆန်စေဖို့ စက်ရုပ်များ သုံးလာပါတယ်။ နယ်သာလန်မြောက်ပိုင်းမှာ ရှိတဲ့ ကျန်းမာရေးအာဏာပိုင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်စစ်တဲ့ စက်ရုပ်များ သုံးလာကြပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်မှာလည်း စက်ရုပ်နဲ့ ရောဂါစစ်ဆေးမှု လုပ်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်စတင် ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မှာတော့ စက်ရုပ်များ သုံးပြီး ပိုးသတ်ခြင်း ၊ ကိုယ်အပူချိန် တိုင်းတာခြင်း ၊ အစားအသောက် ပို့ဆောင်ခြင်းနဲ့ ဆေးပစ္စည်းများ ပို့ဆောင်ပေးခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က