လူကြိုက်အများဆုံး တက်ဘလက်စာရင်းဝင်ပါတယ်

iPad ရောင်းအားကို အတည်ပြုပြောသွားတာဟာ ၂၀၁၈ နောက်ပိုင်း ဒါဟာ ပထမဆုံးအကြိမ်လို့ ဆိုရမှာပါ။

Apple ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း iPad ရောင်းအားကို စက်တင်ဘာ ၁၅ ရက်နေ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ ကြေညာသွားခဲ့ပါတယ်။ ၂၀၁၀ မှာ iPadကို ပထမဆုံး မိတ်ဆက်ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုအတွင်း Apple ဟာ iPad အလုံးရေ သန်း ၅၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။



Photo: The Verge


Time Flies နာမည်နဲ့ ကျင်းပသွားတဲ့ Apple ပွဲမှာ ကုမ္ပဏီရဲ့ CEO တင်မ်ကွတ်ခ်က ပြောသွားတာပါ။ Apple ဟာ ၂၀၁၈ နိုဝင်ဘာလထဲမှာ ကုမ္ပဏီရဲ့ သုံးလပတ်ဘဏ္ဍာရေးအစီရင်ခံစာတွေမှာ iPad ၊ iPhone နဲ့ Macs တွေရဲ့ ရောင်းအားကို ထုတ်ပြန်တော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့တာ ဖြစ်လို့ iPad ရောင်းအားကို ပြောတာ ဒါဟာ ပထမဆုံးအကြိမ်လို့ ဆိုနိုင်ပါတယ်။

စက်တင်ဘာ Event မှာ Apple ဟာ Apple Watch နာရီသစ်နှစ်မျိုး ဗားရှင်းမြှင့်ထားတဲ့ iPad နဲ့ iPad Air သစ်တို့ကို ကြေညာသွားပါတယ်။ အဌမမျိုးဆက် iPad ဟာ တန်ဖိုးသင့် တက်ဘလက်ဖြစ်ပြီး ၁၀.၂ လက်မ screen နဲ့ A12 chipset သုံးသွားပါတယ်။ 8th iPad ကို ၃၂၉ ဒေါ်လာကနေ စတင်ရောင်းချသွားမှာပါ။

iPad Air သစ်ဟာ iPad Pro ဒီဇိုင်းမျိုး flat edge သုံးထားပြီး နောက်ဆုံးပေါ် A14 Bionic chispet နဲ့ ထွက်လာတာ ဖြစ်ပါတဘ်။ iPad Air သစ်ကို ၅၉၉ ဒေါ်လာ ဈေးကနေ စတင်ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က