တရုတ်နိုင်ငံရဲ့ အကြီးဆုံး စမတ်နာရီထုတ်လုပ်သူလည်း ဖြစ်လာပါတယ်

ကမ္ဘာ့ဈေးကွက်အများစုထဲ ဝင်ရောက်မလာသေးပေမယ့် Huawei Mate 30 စီးရီးရဲ့ ရောင်းအားကတော့ ထူးထူးခြားခြားကောင်းမွန်နေပါတယ်။

Huawei MatePad Pro သစ် မိတ်ဆက်ပွဲမှာ တရားဝင်ထုတ်ပြန်တဲ့ အချက်အလက်တွေအရ Huawei ဟာ ပြီးခဲ့တဲ့ ရက် ၆၀ အတွင်း Huawei Mate 30 series စုစုပေါင်း ၇ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်အလိုက် Huawei Mate series တင်ပို့ရောင်းချမှုကတော့ ၇၅% မြင့်တက်လာတယ်လို့လည်း Gizmochina သတင်းက ဖော်ပြထားပါတယ်။

Photo: GSMArena


Huawei Mate 30 ဖုန်းသစ်တွေဟာ တရုတ်ဈေးကွက်ထဲ အဓိက ဝင်ရောက်ထားပြီး အာရှပစိဖိတ်ဈေးကွက်တစ်ချို့မှာလည်း ရောင်းချလာပြီ ဖြစ်ပါတယ်။ Huawei ဟာ ၂၀၁၉ Mate series ထဲမှာ Huawei Mate 30 ၊ Mate 30 Pro ၊ Huawei Mate 30 5G/Mate 30 Pro 5G နဲ့ Mate 30 RS Porsche Design တို့ကို ထုတ်ထားတာပါ။

တရုတ်မှာတော့ Huawei Mate 30 နဲ့Mate 30 Pro ဖုန်းတွေကို ပြီးခဲ့တဲ့ ကြာသာပတေး စက်တင်ဘာ ၂၆ ရက်နေ့က စတင်ရောင်းချခဲ့တာ ဖြစ်ပြီး ၃ နာရီအတွင်း Huawei ဟာ ဖုန်းအလုံးရေ ၁ သန်း ရောင်းချနိုင်ခဲ့တယ်လို့Forbes သတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်မှာ Huawei Mate 30 series စမတ်ဖုန်းတွေ စတင်ရောင်းချချိန်မှာလည်း မြူးနစ်မှာ ယူရို ၈၀၀ ( မြန်မာငွေ ၁၃ သိန်းကျော်) နဲ့ရောင်းမယ်လို့ကြေညာခဲ့တဲ့ Huawei Mate 30 အနိမ့်ဆုံး base model ကို ၃၉၉၉ ယွမ် ( မြန်မာငွေ ၈ သိန်းခွဲကျော်) ဈေးနဲ့ရောင်းချခဲ့တာပါ။



Photo: The Verge

Huawei CEO တစ်ယောက်ဖြစ်တဲ့ ရစ်ချတ်ယုရဲ့ အဆိုအရ Huawei Watch GT 2 စမတ်နာရီလည်း ရောင်းအားတက်နေတယ်လို့ ဆိုပါတယ်။ Watch GT 2 ဟာ ပြီးခဲ့တဲ့ ၄၅ ရက်အတွင်း အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့သလို Huawei ဟာလည်း တရုတ်နိုင်ငံရဲ့ အကြီးဆုံး စမတ်နာရီထုတ်လုပ်သူ ဖြစ်လာတယ်လို့ ပြောထားပါတယ်။ ဈေးကွက်ရှယ်ယာအရ တက်ဘလက်အရောင်းပိုင်းမှာလည်း Huawei ဟာ Apple ကို ကျော်ပြီး တရုတ်မှာ အကြီးဆုံး တက်ဘလက်ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်နေပါတယ်။

၂၀၁၉ နှစ်အကုန်ပိုင်းမှာ Huawei ဟာ MatePad M6 အလုံးရေ ၂ သန်းဝန်းကျင် ရောင်းချနိုင်ဖို့ မျှော်လင့်ထားသလို အသစ် မိတ်ဆက်လိုက်တဲ့ MatePad Pro သစ်ကလည်း Huawei ရဲ့ တက်ဘလက်ရောင်းအားကို ပိုအားကောင်းစေဖို့ရှိပါတယ်။



က္က