လန်ဒန်မှာ ပြေးဆွဲဖို့ လိုင်စင်မရတော့ပါဘူး

Uber နဲ့ ကားငှားစီးခြင်းဟာ အပြည့်အဝ စိတ်ချလုံခြုံတာတော့ မဟုတ်ပါဘူး။


ပြီးခဲ့တဲ့ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်အတွင်း လိင်အစော်ကားခံရတယ်လို့ ခရီးသည်နဲ့ ယာဉ်မောင်းတွေဆီက တိုင်ကြားစာ ၅၉၈၁ စောင် ရခဲ့တယ်လို့ Uber က ထုတ်ပြန်ပါတယ်။ ၂၀၁၈ တစ်နှစ်အတွင်းမှာကို အခုလို တိုင်စာ ၃၀၄၅ စောင် ရခဲ့ပြီး ဒီဖြစ်ရပ်ထဲက ၂၃၅ မှုဟာ မုဒိမ်းမှုမြောက်ပြီး အမှုပေါင်း ၂၈၀ ကတော့ အဓမ္မပြုကျင့်ရန် ကြိုးစားမှုအဖြစ် ဖော်ြပထားပါတယ်။

Photo: lehren


ကျန်တဲ့ လိင်ပိုင်း စော်ကားမှုအဖြစ် ခေါင်းစဉ်တပ် တိုင်ကြားချက်တွေထဲမှာ အလိုမတူဘဲ ဖက်ယမ်းနမ်းရှုံမှုတွေ ပါရှိပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အလိုမတူဘဲ ထိတွေ့ကိုင်တွယ်မှုပေါင်းချည်း ၁၅၆၀ မှုအထိ ရှိခဲ့ပါတယ်။ တိုင်စာအများစုဟာ ခရီးသည်တွေဆီက လာတာ ဖြစ်ပြီး ယာဉ်မောင်းတွေလည်း ဘေးအန္တရာယ်နဲ့ ကြုံခဲ့တယ်လို့ Forbes သတင်းက ဖော်ပြထားပါတယ်။

လက်ရောက်မှုနဲ့ တွေ့ကြုံခဲ့သူရဲ့ ၄၂% ဟာ ယာဉ်မောင်းတွေ ဖြစ်ပြီး ခရီးသွားတွေရဲ့ ၄၅%လည်း လိင်ပိုင်း စော်ကားခံရမှုတွေ ကြုံခဲ့တယ်လို့ ဆိုပါတယ်။ Uber ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ၂၀၁၈ ခုနှစ်အတွင်း ကားငှားရင်း အသတ်ခံရသူ ၉ ဦးရှိပြီး ၂၀၁၇ ခုနှစ်မှာ ၁၀ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Uber ကားတွေ ပါဝင်တဲ့ ယာဉ်တိုက်မှုတွေကြောင့် သေဆုံးသူ ၁၀၇ ဦး ရှိထားပါတယ်။

၂ နှစ်အတွင်း အမေရိကန်အတွင်း Uber ယာဉ်ဝန်ဆောင်မှုကို ငှားရမ်းတဲ့ အကြိမ်ရေအတွက်ဟာ ၂.၃ ဘီလျံအထိ ရှိခဲ့ပါတယ်။ Uber ရဲ့ အဆိုအရ ယခုအစီရင်ခံစာဟာ ကုမ္ပဏီရဲ့ ယာဉ်အငှားဝန်ဆောင်မှုစီးပွားရေးအကြောင်း ပထမဆုံး ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ပြန်တဲ့ အစီရင်ခံစာ ဖြစ်တယ်လို့ ဆိုပါတယ်။


Photo: Financial Times

" Uber လုပ်ငန်းလည်ပတ်တဲ့ အတိုင်းအတာအရ လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ ကောင်းခြင်း ဆိုးခြင်း နှစ်မျိုးစလုံးကို မြင်နေရမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ နေ့တိုင်းမှာ ခရီးတွေ အများကြီး စီစဉ်နေရလို့ ဖြစ်ပါတယ်" လို့ Uber ရဲ့ တရားဥပဒေရေးရာ အမှုဆောင်အရာရှိချုပ် တိုနီဝက်စ်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက လန်ဒန် သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ဟာ ဘေးကင်းရေးပြဿနာတွေ ဆက်တိုက်ရှိနေတာကြောင့် Uber ကုမ္ပဏီကို လန်ဒန်မြို့တွင်း ပြေးဆွဲမယ့် လိုင်စင်ထုတ်ပေးသွားမှာ မဟုတ်ကြောင်း ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က