နွားမတွေကို စိတ်ချမ်းသာအောင် ထားလိုက်တဲ့အခါ
Nyein Min Wai

VR Headset တွေရဲ့ အခန်းကဏ္ဍဟာ ဂိမ်းလိုဖျော်ဖြေရေးကနေ စိုက်ပျိုးမွေးမြူရေးလို နယ်ပယ်တွေပေါ်ပါ သက်ရောက်မှု ရှိလာပြီ ဖြစ်ပါတယ်။

ရုရှားနိုင်ငံက လယ်သမားတွေကတော့ VR Headset သုံးရင် နွားမတွေ နို့ပိုထွက်မယ်လို့ ယုံကြည်နေပါတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံးလို့ ပြောရမယ့် ဒီယူဆချက်ကို မော်စကိုပြင်ပက RusMoloko Farm မှာ စပြီး အသုံးချနေပြီ ဖြစ်တယ်လို့ Mirror သတင်းမှာ ဖော်ပြထားပါတယ်။ ရုရှားလယ်သမားတွေဟာ နွားမတွေမှာ VR Headset တပ်ထားရင် သူတို့ရဲ့ စိတ်ခံစားမှုကို တိုးတက်စေမယ်လို့ ယူဆနေကြတာပါ။


Photo: The Verge


နွားမတွေမှာ VR Headset တပ်ဖို့အတွက် လယ်သမားတွေဟာ VR developers တွေနဲ့ ပူးပေါင်းပြီး VR Headset ထဲမှာ နွားမတွေ ကြိုက်နှစ်သက်တဲ့ နွေရာသီမြင်ကွင်း ပုံစံတုတစ်ခုကို ထည့်သွင်းခဲ့တာပါ။

"VR Reality ပညာရှင်တွေဟာ သီးခြားနွေရာသီမြင်ကွင်းတုအစီအစဉ်တစ်ခု တည်ဆောက်ဖန်တီးလိုက်ပါတယ်။ ဒီအစီအစဉ်တည်ဆောက်ဖို့ ကာလာရောင်စဉ်တန်းတွေထဲက အပြာနဲ့ အစိမ်းရောင်တွေထက် အနီရိပ်သန်းတာကို တွေ့ရတာကို နွားတွေ ပိုသဘောကျတယ်ဆိုတဲ့ လေ့လာမှုတွေပေါ် အခြေခံခဲ့ပါတယ်။"လို့ မော်စကို စိုက်ပျိုးရေးဝန်ကြီးဌာနက ဆိုပါတယ်။

နွားတွေမှာ တပ်ဆင်ထားတဲ့ VR Headset မှာလည်း နွေရာသီမှာ မြင်တွေ့နိုင်တဲ့ ပုံစံအတိုင်း အနီဘက်သန်းတဲ့ ကာလာ Scheme အစီအစဉ်ထည့်ပေးထားတာပါ။ ကနဦး ရလဒ်တွေကတော့ အားရစရာတွေ ပြတယ်လို့ မော်စကို စိုက်ပျိုးရေးဌာနက ထုတ်ပြန်ပါတယ်။ နွားတွေ ပိုသက်တောင့်သက်သာရှိပြီး ပျော်ရွှင်နေတဲ့ အချိန်မှာ နို့ပိုထွက်တာကို ဒီစမ်းသပ်မှုက ဖော်ပြထားပါတယ်။

ပြင်သစ်နိုင်ငံ စိန့်ဂျိုးဆက်ဆေးရုံမှာတော့ VR ပုံရိပ်ယောင်နည်းပညာကို လူနာရဲ့ ဝေဒနာခံစားမှု လျော့နည်းစေဖို့ အသုံးပြုနေပါတယ်။ VR မျက်မှန်တပ်ဆင်မှုနဲ့ နို့အထွက်နှုန်းပေါ် သက်ရောက်မှုအကြောင်းကို နောက်ထပ် လေ့လာမှုတွေ လုပ်ဆောင်သွားဦးမယ်လို့ ဆိုပါတယ်။


Author


က္က