ဗြိတိန်ဝန်ကြီးချုပ်ဟာ ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းကြောင့် နိုင်ငံရဲ့ 5G မိုဘိုင်းကွန်ရက်ဖွံ့ဖြိုးမှုမှာ Huawei ရဲ့ ပါဝင်မှုကို လျှော့ချဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ၂၀၂၃ ခုနှစ်အထိ ဗြိတိန်ကွန်ရက် အခြေခံအဆောက်အဦပိုင်းမှာ တရုတ်ရဲ့ ပါဝင်မှုကို လုံးဝဝျှော့ချဖို့ အစီအစဉ်များ လုပ်ဆောင်ထားကြရန် အာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ်လို့ Daily Telegraph သတင်းစာက ဖော်ပြထားပါတယ်။ ဝန်ကြီးချုပ်ဟာ EU က ထွက်ခွာပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကုန်သွယ်ရေးစကားပြောဆိုမှုကို မြှင့်တင်နိုင်ဖို့ တရုတ်ပေါ်မှီခိုမှုကို ပိုမို လျှော့ချလာဖို့ ရှိတယ်လို့လည်း သတင်းစာက ဆိုပါတယ်။



Photo: pocket-lint


နောက်လထဲမှာ ဝန်ကြီးချုပ်ဟာ နိုင်ငံခြားခရီးစဉ်အဖြစ် G7 Summit အတွက် အမေရိကန်ကို သွားရောက် လည်ပတ်မှာပါ။ ဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ 5G ပိုင်းမှာ Huawei ကို ပါဝင်ဖို့ သဘောတူ ခွင့်ပြုခဲ့တာပါ။ ဗြိတိန်အစိုးရအနေနဲ့ နိုင်ငံရဲ့ ပင်မ 5G ကွန်ရက်အစိတ်အပိုင်းမဟုတ်တဲ့ ထုတ်ကုန်ထောက်ပံ့ရေးအတွက် ခွင့်ပြုလိုက်တာ ဖြစ်ပြီး ဈေးကွက်ပမာဏကိုလည်း ၃၅% နဲ့ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရအဖွဲ့ဟာ ယူကေရဲ့ 5G ကွန်ရက်အတွင်းမှ Huawei ကို ဖယ်ထုတ်ဖို့ ထပ်တလဲလဲ တိုက်တွန်းထားပါတယ်။ ယူကေအနေနဲ့ Huawei ကို ကွန်ရက်ဝင်ခွင့်ပြုခြင်းကြောင့် ဖြစ်လာမယ့် လုံခြုံရေးအန္တရာယ်တွေကို လျှော့ချနိုင်မှာ မဟုတ်ဘူးလို့လည်း အမေရိကန်ဘက်မှ ပြောထားပါတယ်။ Huawei ကတော့ ဘယ်လို လုံခြုံရေး ချိုးဖောက်မှုမှ ကျူးလွန်ခြင်း မရှိကြောင်း ကာကွယ်ပြောဆိုထားပါတယ်။ 

အမေရိကန်အစိုးရဟာ Huawei ရဲ့ တယ်လီကွန်းပစ္စည်း အစိတ်အပိုင်းနဲ့ ပတ်သက်ပြီး လုံခြုံရေးစိုးရိမ်မှု မြင့်နေပြီး မဟာမိတ်နိုင်ငံများအနေနဲ့ Huawei ကွန်ရက် သုံးပါက သတင်းအချက်အလက် မျှဝေမှု ဖြတ်တောက်သွားမယ်လို့လည်း သတိပေးထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က