COVID-19 တိုက်ဖျက်ရေးအတွက်လည်း ပါဝင်ပံ့ပိုးထားပါတယ်

တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးအတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနထံ ကန်ဒေါ်လာ ၄၀၀၀ တန်ဖိုးရှိ ဗွီဒီယိုကွန်ဖရင့်စနစ်နဲ့ နည်းပညာဝန်ဆောင်မှု ၃ မျိုး ပံ့ပိုးခဲ့တယ်လို့ Huawei မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။



"HUAWEI CloudLink Room ဗီဒီယို ကွန်ဖရန့် စနစ်တွေကို အသုံးပြုပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအတွက် ပံ့ပိုးကူညီခွင့်ရတာ အလွန်တရာ ဂုဏ်ယူမိပါတယ်။"လို့ Huawei Myanmar ရဲ့ CEO Mr.Ding Zhaoyi က ပြောပါတယ်။

Photo: Huawei Myanmar

ဒီဘက်စုံသုံး အဆင့်မြင့်ဆက်သွယ်ရေးစနစ်မှာ အွန်လိုင်းဆွေးနွေးပွဲနဲ့ အစည်းအဝေးပွဲများ အဆင်ပြေပြေဆောင်ရွက်နိုင်ဖို့အတွက် screen နှစ်ပိုင်းခွဲ လုပ်ဆောင်နိုင်စွမ်း ၊ အရည်အသွေးမြင့် အသံစနစ် ၊ Ultra HD ရုပ်သံကင်မရာစွမ်းရည်စတဲ့ features တွေ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ 

Huawei RP Series Room Telepresence Systems ပေါ် အခြေခံပြီး အစည်းအဝေးခန်းတွေကို HD display နှစ်ခုအထိ ပံ့ပိုးပေးနိုင်တဲ့ ဗွီဒီယိုကွန်ဖရင့်တွေအဖြစ် ပြောင်းလဲလိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ LMC အဖွဲ့ဝင် ၅ နိုင်ငံခေါင်းဆောင်များနဲ့ အွန်လိုင်းအစည်းအဝေးလုပ်ရာမှာ အဆင်ပြေချောမွေ့စေဖို့ အဆင့်မြင့် ရုပ်သံထုတ်လုပ်မှုနဲ့ အမှားပြင်ပေးတဲ့ နည်းပညာတွေပါ ထည့်သွင်းထားတာပါ။  

ဩဂုတ်လ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ တတိယအကြိမ် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး ယန္တရား (LMC) အစည်းအဝေးမှာ အဖွဲ့ဝင် ၆ နိုင်ငံရဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့ မြန်မာနိုင်ငံမှ သမ္မတဦးဝင်းမြင့် ၊ တရုတ်နိုင်ငံဝန်ကြီးချုပ် Mr. Li Keqiang ၊ လာအိုနိုင်ငံဝန်ကြီးချုပ် Mr. Thongloun Sisoulith ၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Hun Sen ၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Mr. Prayut Chan-o-cha နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc တို့ တက်ရောက်ခဲ့ပါတယ်။

Photo: Huawei Myanmar

Huawei ဟာ ပြီးခဲ့တဲ့ ဇွန်လထဲမှာ မြန်မာနိုင်ငံ COVID-19 ကုသရေးစင်တာ (ဖောင်ကြီး) နဲ့ ဆေးတက္ကသိုလ် (၁) ရန်ကုန်တို့ကိုလည်း Telemedicine Video Conference Solutions များ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ Huawei ဟာ ဖောင်ကြီးကုသရေးဌာနအတွက်လည်း လူနာများရဲ့ CT Scan နဲ့ ရောဂါစစ်ဆေးအတည်ပြုမှုကို မြန်ဆန်စေမယ့် Huawei Cloud AI နည်းပညာသုံး ရောဂါရှာဖွေ‌ရေးနဲ့ ကုသမှုစနစ်ကို ပေးအပ်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က