လာမယ့်နှစ်မှာ Bachelor တန်းတွေမှာပါ ထည့်သွင်းသင်ကြားပေးသွားမှာပါ

ပြီးခဲ့တဲ့နှစ်က စပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ် UCSY မှာ အထူးပြုဘာသာရပ် ၄ ခု ထပ်တိုးထားပြီး အခုဆို ဒုတိယအသုတ်ကို သင်ကြားပေးနေတယ်လို့ဆိုပါတယ်။

" ကျွန်မတို့UCSY မှာ Cyber Security & Digital Forensic ဆိုပြီး Specialization လေး မနှစ်က စအသစ် တိုးပါတယ်။ မဟာတန်း တက်တဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့Cyber Security ပိုင်း ၊ Software Engineering ၊ Knowledge Engineering နဲ့Business Information System ဆိုပြီး ကိုယ်သွားချင်တဲ့ လမ်းကြောင်း ၄ ခု ကနေ ရွေးချယ်နိုင်မှာပါ" လို့UCSY မှ ပါမောက္ခ ဒေါ်မီမီဆုသွင်က ပြောပါတယ်။



Photo: Duwun Tech

Cyber Security & Digital Forensic အတွက် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများ အတိုင်း ဆိုက်ဘာလုံခြုံရေးနဲ့ဒီဂျစ်တယ် မှုခင်းရေးရာ နှစ်ခု ပူးပေါင်း သင်ကြားပေးနေတာ ဖြစ်ပြီး လက်ရှိမှာ မဟာတန်းနဲ့PhD တန်းတက်နေသူတွေကို သင်ပေးနေတာ ဖြစ်ပါတယ်။ Cyber Security & Digital Forensic ဘာသာရပ်ယူတဲ့ ကျောင်းသား ကျောင်းသူတွေဟာ ပရောဂျက်များနဲ့လက်တွေ့လုပ်ဆောင်ရတာ ဖြစ်တယ်လို့ပါမောက္ခ ဒေါ်မီမီဆုသွင်က ဆိုပါတယ်။

" အမှတ်ပေးတာကတော့ ပရောဂျက်အတွက် အမှတ် ၂၀ ပေးပါတယ်။ Class participation ဆွေးနွေးတာက အမှတ် ၂၀ ပေးပြီး Tutorials တွေကလည်း Quizzs တွေ ဖြေရပါတယ် ။ တကယ်နားလည်မှ ဖြေရမယ့် မေးခွန်းတွေ မေးထားတာပါ" လို့ပြောပါတယ်။

S

Photo: Duwun Tech

အထူးပြုဘာသာရပ်နဲ့ကျောင်းပြီးသူတွေဟာ ကိုယ်ရထားတဲ့ Specilization နဲ့အလုပ်ဝင်နိုင်မှာ ဖြစ်ပြီး လာမယ့် ၂၀၂၀ မှာ Bachelor တန်းတွေကိုပါ ဒီအထူးပြုဘာသာရပ်တွေ ထည့်သွင်းသွားမယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က