တတိယအကြိမ် Mobile Legends ပြိုင်ပွဲပါ
Nyein Min Wai

၂၀၁၇ ခုနှစ်က စတင်ကျင်းပလာခဲ့ပြီး အခုချိန်မှာ တတိယအကြိမ်မြောက်ကို ရောက်လာပြီ ဖြစ်တဲ့ Huawei Nova eSports Championship ပွဲစဉ်ကို လာမယ့် စက်တင်ဘာ ၁၄ ရက်နဲ့၁၅ ရက်တို့မှာ ရန်ကုန်မြို့Junction City မှာ ကျင်းပပြုလုပ်သွားတော့မှာပါ။

Mobile Legends ဂိမ်းကစားသူတွေအတွက် ရည်ရွယ်ကျင်းပလိုက်တာ ဖြစ်ပြီး အွန်လိုင်း Qualifier ပွဲစဉ်တွေကို စက်တင်ဘာ ၁၀ ရက်နဲ့၁၁ ရက် နှစ်ရက်တာ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။ အွန်လိုင်းလက်ရည်စစ်ပြိုင်ပွဲမှာ နောက်ဆုံးကျန်တဲ့ အသင်း ၄ သင်းဟာ Main Event တက်ခွင့်ရမှာ ဖြစ်ပြီး Direct Invite လုပ်ထားတဲ့ အသင်းကြီး ၄ သင်းနဲ့ယှဉ်ပြိုင်ကစားရမှာပါ။

Photo: upstation.asia

Direct Invite အသင်း ၄ သင်းကတော့ Huawei Consumer Business Group နဲ့တရားဝင် လက်တွဲထားတဲ့ Burmese Ghouls နဲ့အတူ Claw eSports ၊ Team Cyanide နဲ့Yangon Galaticos တို့ဖြစ်တယ်လို့ဆိုပါတယ်။ Main Event နောက်ဆုံးပွဲစဉ်မှာ Best of 3 (BO3) ပုံစံနဲ့ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး Third place ပွဲစဉ်မှာ BO1 ၊ Grand Final ကို BO5 ပုံစံတို့နဲ့ယှဉ်ပြိုင်ရမယ်လို့လည်း သိရပါတယ်။

ပြိုင်ပွဲမှာ ဆုကြေးတွေအဖြစ် Nova ရဲ့ နောက်ဆုံးပေါ် high-end စမတ်ဖုန်းသစ်တွေနဲ့Huawei Watch GT ၊ Huawei TalkBand B5 တို့အပြင် diamonds များလည်း ပေးသွားမှာပါ။ ပထမဆုရတဲ့ အသင်းဟာ punch hole ကင်မရာ ဒီဇိုင်း AI Camera ငါးလုံး ပါပြီး Kirin 980 Processor သုံးထားတဲ့ Huawei Nova 5T ငါးလုံး ၊ ဆုတံဆိပ်နဲ့in-game diamond ၅၀၀၀ ရရှိမှာ ဖြစ်ပါတယ်။

Photo: noypigeeks

ဒုတိယဆုရ ပြိုင်ပွဲဝင်တွေကို Huawei Watch GT ၅ လုံးနဲ့Diamond 2500 ၊ တတိယဆုရအသင်းအတွက် Huawei TalkBand B5 ၅ ခု နဲ့Diamond 1500 ပေးမှာ ဖြစ်ပြီး စတုတ္ထဆုရှင်ကို Diamond 1000 ပေးသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ပြနိုင်တဲ့ MVP (Most Valuable Player) ကိုတော့ Huawei Watch GT စမတ်နာရီတစ်လုံး ပေးသွားမယ်လို့Huawei ကုမ္ပဏီဘက်မှ ထုတ်ပြန်ထားပါတယ်။


က္က