Apple ၊ Samsung တို့လို ကုမ္ပဏီကြီးတွေနဲ့ပါ အချက်အလက် မျှဝေခဲ့တာပါ

     Netflix ၊ Microsoft နဲ့Amazon အပါအဝင် သူနဲ့ချိတ်ဆက်ထားတဲ့ third-party ကုမ္ပဏီတွေကို လူမှုကွန်ရက်သုံးသူတွေရဲ့ data တွေ မျှဝေခဲ့တဲ့ Facebook အပေါ် ဖက်ဒရယ်တရားရေးဌာနမှ မှုခင်းရေးရာ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်နေပြီဖြစ်ပါတယ်။

Photo: cnet



         New York Times မှာ ရေးသားချက်အရ Facebook users တွေ မသိဘဲ အချက်အလက် share တဲ့ ကိစ္စမှာ ပါဝင်တဲ့ စမတ်ဖုန်းကုမ္ပဏီ ၂ ခုကိုပါ နယူးယော့ခ် Grand Jury တရားရေးအဖွဲ့မှ ဆင့်ခေါ်ထားတယ်လို့ဖော်ပြထားပါတယ်။ သုံးစွဲသူမသိဘဲ Facebook နဲ့နည်းပညာကုမ္ပဏီတစ်ချို့အကြား မျှဝေခဲ့တဲ့ အချက်အလက်တွေထဲမှာ Facebook သုံးသူရဲ့ သူငယ်ချင်း နာမည် ၊ကျား/မ နဲ့မွေးတဲ့နေ့ရက်တွေကအစ ပါဝင်တယ်လို့ဆိုပါတယ်။

         Facebook ဟာ ၂၀၁၅ ခုနှစ်မှာ သုံးစွဲသူအချက်အလက်ကို တစ်ခြားကုမ္ပဏီတွေအနေနဲ့ရယူခွင့် ကန့်သတ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့ပေယမ့် ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ နည်းပညာကုမ္ပဏီပေါင်းများစွာကို သုံးစွဲသူအချက်အလက် ဝင်ယူနိုင်တဲ့ အထူးအခွင့်အရေးပေးထားတယ်လို့ဝန်ခံခဲ့ပါတယ်။ user data ပြန်မျှဝေတဲ့အထဲမှာ Facebook ဟာ hardware နဲ့ဆော့ဖ်ဝဲလ်ကုမ္ပဏီပေါင်း ၆၁ ခုအထိ ပါဝင်တယ်လို့ဆိုပါတယ်။

Photo; Reuters

        ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ထပ်ကြားရတဲ့ သတင်းများအရ Facebook ရဲ့ ပါတနာကုမ္ပဏီတွေ ဖြစ်တဲ့ Spotify ၊ Netflix နဲ့Royal Bank of Canada တို့ဟာ လူမှုကွန်ရက်သုံးသူတွေ အချင်းချင်း ပြောကြတဲ့ private message တွေပါ ဝင်ဖတ်နိုင် ၊ ဝင်ရေးနိုင်သလို Delete လုပ်ခွင့်ပါ ရခဲ့တယ်လို့ဖော်ပြထားပါတယ်။ Times မဂ္ဂဇင်းကနေ ရထားတဲ့ Facebook ရဲ့ ကုမ္ပဏီအတွင်း အထောက်အထားတွေအရ Spotify ဟာ တစ်လကို Facebook သုံးစွဲသူ သန်း ၇၀ ကျော်ရဲ့ မက်ဆေ့ချ်တွေကို တွေ့နေမြင်နေရတယ်လို့ဆိုပါတယ်။

         ပြီးခဲ့တဲ့နှစ် ဧပြီလထဲက ကွန်ဂရက်အဖွဲ့ဝင်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တဲ့ စာမျက်နှာပေါင်း ၇၄၇ မျက်နှာရှိတဲ့ Facebook ရဲ့ အဖြေထဲမှာ ကုမ္ပဏီအနေနဲ့အချက်အလက်မျှဝေဖို့လက်တွဲတဲ့ ပါတနာတွေထဲက ၃၈ ခုကို လက်တွဲဖြုတ်ထားပြီး ဇူလိုင်လကုန်ပိုင်းမှာ နောက်ထပ် ကုမ္ပဏီ ၇ ခုနဲ့လည်း ဆက်ပြီး အချက်အလက်မျှဝေမှု မလုပ်ဖို့စီစဉ်ထားကြောင်း ဖော်ပြထားပါတယ်။

         Facebook နဲ့အချက်အလက် share ဖို့လက်တွဲခဲ့တဲ့ ကုမ္ပဏီများထဲမှာ Apple ၊ Microsoft ၊ Samsung နဲ့BlackBerry တို့လို နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီများလည်း ပါဝင်ခဲ့ပါတယ်။ နယူးယော့ခ်ဂျူရီလူကြီးတွေရဲ့ တရားရေးစုံစမ်းမှုနဲ့ပတ်သက်ပြီး Facebook ဘက်မှ အလေးအနက်ထား ပူးပေါင်းဆောင်ရွက်သွားမယ်လို့တုန့်ပြန်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က