ကမ္ဘာအနှံ့လည်း ဖြန့်ချိသွားဖို့ စီစဉ်နေပါတယ်

Facebook ဟာ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာတွေကို ခြေရာခံကြည့်ရှုနိုင်မယ့် Interactive Map တစ်ခုကို ဖြန့်ချိထားပါတယ်။

ဒီမြေပုံဟာ အမေရိကန်တစ်ခွင်က သုံးစွဲသူ ပို့လိုက်တဲ့ COVID-19 ရောဂါလက္ခဏာတွေကို နယ်မြေဒေသအလိုက် ဖော်ပြပေးနိုင်တဲ့ Interactive Map ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က ဖြစ်ပွားလာနိုင်ခြေရှိတဲ့ COVID-19 ကူးစက်ပြန့်ပွားမှုကို ခြေရာခံနိုင်ဖို့အတွက် Facebook ဟာ ကာနက်ဂျီမယ်လွန်တက္ကသိုလ်နဲ့ ပူးပေါင်း ရေးဆွဲထားတာ ဖြစ်တယ်လို့ The Next Web သတင်းက ဆိုပါတယ်။ 



Photo: The New York Post

Facebook ရဲ့ ပြောကြားချက်အရ ဒီ Interactive Map ဟာ အမေရိကန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံတဲ့ နေရာတွေကို ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။ မြေပုံထဲမှာ နယ်မြေအဆင့်အလိုက် COVID-19 ရောဂါလက္ခဏာခံစားရတဲ့ လူဦးရေ ရာခိုင်နှုန်းပါ ဖော်ပြထားပါတယ်။ ဒီမြေပုံဟာ COVID-19 ရောဂါလက္ခဏာတစ်ချို့ ဖြစ်တဲ့ ဖျားခြင်း ၊ ချောင်းဆိုးခြင်း ၊ အသက်ရှုရခက်ခြင်းနဲ့ အနံခံနိုင်စွမ်း ပျောက်ဆုံးခြင်များ ခံစားနေရတယ်လို့ မိမိသဘောအတိုင်း သတင်းပေးပို့ထားတဲ့ လူဦးရေ ရာခိုင်နှုန်းကိုပဲ ဖော်ပြမှာ ဖြစ်ပြီး အတည်ပြုလူနာအခြေအနေကို ဖော်ပြသွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

"COVID-19 ကူးစက်ပြန့်နှံ့နေပုံကို နားလည်တာဟာ ‌ဒေသအာဏာပိုင် အစိုးရတွေနဲ့ ပြည်သူ့ကျန်းမာရေးဌာနတာဝန်ရှိသူတွေအနေနဲ့ အသက်ရှုအကူစက်နဲ့ PPE ဝတ်စုံလိုမျိုး ရှားပါးတဲ့ အရင်းအမြစ်တွေ ခွဲဝေအသုံးချရာမှာ အလွန်ပဲအရေးကြီးပါတယ်။ နောက်ဆုံး မတူညီတဲ့ နေရာတွေ ပြန်ပြီး ဖွင့်လှစ်ပေးဖို့ ဘေးကင်းစိတ်ချရတဲ့ အချိန်ပါ ဆုံးဖြတ်နိုင်မှာပါ။ " လို့ Facebook အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်က ပြောပါတယ်။

အချက်အလက်အတွက် လောလောမယ်မှာ Facebook ဟာ အမေရိကန်နိုင်ငံအတွင်းက အသက် ၁၈ နှစ်ကျော်ပြီ ဖြစ်တဲ့ သုံးစွဲသူတွေရဲ့ နမူနာစစ်တမ်း ယူထားပြီး ဒီတစ်ပတ်ထဲမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စစ်တမ်းကောက်ဖို့ ပြင်ထားတယ်လို့လည်း မတ်ခ်ဇူကာဘတ်က ပြောပါတယ်။ စစ်တမ်းဟာ ပထမနှစ်ပတ်အတွင်း တစ်ပတ်ကို တုန့်ပြန်မှု ၁ သန်း ရရှိထားပြီး ဒီတစ်ပတ်ထဲမှာ ကမ္ဘာအနှံ ဖြန့်ချိသွားမှာပါ။

ကာနက်ဂျီမယ်လွန်တက္ကသိုလ်အနေနဲ့ စစ်တမ်းပါ အချက်အလက်များကို သုတေသနပညာရှင်များ ရယူနိုင်မယ့် API တစ်ခုလည်း တည်ဆောက်နေပါတယ်။ Facebook ဟာ လစဉ်လူပေါင်း ဘီလျံနဲ့ချီ သုံးစွဲနေတဲ့ လူမှုကွန်ရက် ပလက်ဖောင်းကြီး ဖြစ်တာကြောင့် အခုလို စစ်တမ်းတွေ လုပ်ဖို့ သင့်တော်တယ်လို့လည်း မတ်ခ်ဇူကာဘတ်က သူ့ရဲ့ Facebook ပို့စ်မှာ ရေးထားပါတယ်။

Photo: techspot

Facebook လိုပဲ Apple နဲ့ Google တို့ ပူးပေါင်းပြီး စမတ်ဖုန်းအခြေပြု ထိတွေ့မှုခြေရာခံစနစ်တစ်ခု တည်ဆောက်ထားပါတယ်။ Instagram တည်ထောင်သူတွေ ဖြစ်တဲ့ ကယ်ဗင်ဆစ်ထရွန်း နဲ့ မိုက်ခရိုက်ဂါတို့ဟာလည်း COVID-19 ကူးစက်ပြန့်နှံ့မှုကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မယ့် Rt.Live ဆိုတဲ့ ဝက်ဘ်ဆိုက်တစ်ခု ရေးဆွဲထားပါတယ်။ 

Worldometers.info ရဲ့ ဧပြီ ၂၁ ရက်နေ့ မနက်ပိုင်း အချက်အလက်များအရ ကမ္ဘာအရပ်ရပ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၄၈၁၈၆၅ ဦးရှိနေပြီး သေဆုံးသူ ၁၇၀၄၅၅ ဦးအထိ ရှိနေပြီလို့ ဆိုပါတယ်။  



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က