အရေးယူခံရဖို့ရှိပါတယ်။

     Christchurch အကြမ်းဖက်မှုဖြစ်ပွားပြီး ၂၄ နာရီအတွင်း Facebook ပေါ်မှာ ဒီသတ်ဖြတ်မှုနဲ့ဆိုင်တဲ့ ဗွီဒီယိုပေါင်း ၁.၅ သန်း ရောက်လာခဲ့ပါတယ်။

         သောကြာနေ့က နယူးဇီလန် ဗလီနှစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဒီအကြမ်းဖက်မှုကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးပြီး လူ ၅၀ ဒဏ်ရာရခဲ့တာပါ။ နယူးဇီလန် Christchurch မှာ ဖြစ်ပွားခဲ့တဲ့ ဒီအကြမ်းဖက်သတ်ဖြတ်မှုကို လုပ်ဆောင်ခဲ့သူ ဘရန်တန် တာရန့်ဟာ လက်ယာစွန်းရောက် လူဖြူလူမျိုးကြီး ဝါဒီဖြစ်ပြီး ဒီသတ်ဖြတ်မှုကို လုပ်ဆောင်နေစဉ်အတွင်း Facebook ပေါ် Live လွှင့်ခဲ့တာ ဖြစ်ပါတယ်။

Photo: inquisitr



         မတ်လ ၁၇ ရက် ရက်စွဲနဲ့Facebook Newsroom ကနေ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်များအရ Facebook ဟာ တစ်ကမ္ဘာလုံးကနေ ဒီဖြစ်ရပ်အကြောင်း တင်တဲ့ ဗွီဒီယိုပေါင်း ၁.၅ သန်းကို ၂၄ နာရီအတွင်း ဖယ်ရှားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အလားတူ ဗွီဒီယိုပေါင်း ၁.၂ သန်းကျော် upload တင်မယ့့် ဖြစ်ရပ်ကို သိရှိပိတ်ပင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

         နယူးဇီလန်အကြမ်းဖက်မှု ကျူးလွန်သူ ဘရန်တန် တာရန့်ဟာ သူ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို Facebook မှာ အနည်းဆုံး ၁၇ မိနစ်ကြာအောင် Live လွင့်ခဲ့တာ ဖြစ်ပါတယ်။ Facebook အနေနဲ့ဒီ Livestreaming ကို ထောက်လှမ်းသိရှိမှု မလုပ်နိုင်ခဲ့တာက ထူးခြားပါတယ်။ Fortune မဂ္ဂဇင်းနဲ့Facebook ရဲ့ နည်းပညာအမှုဆောင်အရာရှိချုပ် မိုက်ရှရော့ဖာတို့မကြာသေးမီက တွေ့ဆုံခဲ့ရာမှာ Facebook ရဲ့ AI စနစ်ဟာ ဂေါ်ဖီစိမ်းနဲ့ဆေးခြောက်ပုံတွေအကြား ခြားနားမှုကိငို သိရှိခွဲခြားနိုင်တယ်လို့ပြောခဲ့ပါတယ်။

         ဒီလို ကွဲပြားမှုကို ၉၀% တိကျအောင် ဆုံးဖြတ်ပေးနိုင်တဲ့ Facebook ရဲ့ AI ဟာ ဒီလို Live လွှင့်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်တာကို သတိပေးမှု မလုပ်နိုင်ခဲ့ပါဘူး။ နယူးဇီလန်ရဲတပ်ဖွဲ့ဟာ Facebook ကို ဒီ Livestream အကြောင်း အသိပေးမှ Facebook ဟာ လူသတ်သမားရဲ့ Facebook နဲ့Instagram အကောင့်တွေ ပိတ်သိမ်းပြီး ဗွီဒီယိုကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

         နယူးဇီလန်လူသတ်မှုကြီး ဖြစ်ပြီးနောက် Facebook နဲ့ဒီ Livestreaming အကြောင်းကို နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်မှ စကားပြောချင်တယ်လို့ Reuters သတင်းမှာ ဖော်ပြခဲ့သလို ဗြိတိန် အလုပ်သမားခေါင်းဆောင် ဂျယ်ရမီ ကောဘင်းကလည်း ဒီလိုပလက်ဖောင်းတွေကို အရေးယူဖို့နဲ့စည်းမျဉ်းဥပဒေအကြောင်း မေးခွန်းများထုတ်ခဲ့ပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က