အဆင့် ၃ ဆင့်နဲ့လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်

     မတ်လလယ်က နယူးဇီလန် ဗလီ ၂ ခုမှာ လူပေါင်း ၅၀ ကျော် သတ်ဖြတ်မှုကို Facebook ပေါ် Live လွှင့်တင်မှု ဖြစ်ပွားပြီးနောက် Facebook ဟာ Livestreaming ကန့်သတ်ချက်တွေ လုပ်ဆောင်သွားမယ်လို့ကတိပြုထားပါတယ်။

         Christchurch အကြမ်းဖက်မှုလို့လူသိများခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားပြီးနောက် Facebook ပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့သလို အဖွဲ့အစည်းတစ်ချို့က တရားစွဲတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ကြုံပြီးနောက် Facebook အနေနဲ့Livestream ပိုင်းကို ပိုပြီး စိစစ်လုပ်ဆောင်သွားမယ်လို့ကုမ္ပဏီရဲ့ COO ဖြစ်သူ ရှာလီ ဆန်းဒ်ဘာ့ဂ်က ပြောကြားခဲ့ပါတယ်။



Photo: TwentyPlusgh

         New Zealand Herald သတင်းကို ပေးပို့တဲ့ သူမရဲ့ စာတစ်စောင်မှာ ကုမ္ပဏီအနေနဲ့Christchruch ပစ်ခတ်မှုအပေါ် အဆင့် ၃ ဆင့်နဲ့အရေးယူမှု လုပ်ဆောင်မယ်လို့ဖော်ပြထားပြီး ဒီထဲမှာ Live video ပေါ် ကန့်သတ်ချက်တွေ ထည့်သွင်းမယ်ဆိုတဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။ ရှာလီဆန်းဒ်ဘာ့ဂ်ရဲ့ ပေးစာမှာ ဒီတိုက်ခိုက်မှုကို ဆိုးညစ်တဲ့ လုပ်ဆောင်ချက်တစ်ခုအဖြစ် ဖော်ပြထားပြီး နိုင်ငံအာဏာပိုင်တွေနဲ့လည်း လက်တွဲသွားမယ်လို့ကတိပြုထားပါတယ်။

         ရှာလီဆင်းဒ်ဘာ့ဂ်ရဲ့ ပေးစာထဲမှာ ပထမအဆင့်အနေနဲ့Facebook ဟာ လူမှုကွန်ရက်စံချိုးဖောက်မှုလိုမျိုး အကြောင်းအရာတွေပေါ် လိုက်ပြီး Live လွှင့်မယ့်သူပေါ် ကန့်သတ်မှုတွေ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့Edit လုပ်ထားတဲ့ video တွေမှာပါ အကြမ်းဖက်မှု ပါမပါ စစ်ဆေးမယ့် စနစ်တွေ ထည့်သွင်းဖို့ကြိုးပမ်းနေပြီး Christchurch အကြမ်းဖက်မှု ဗွီဒီယိုမှာ အကြမ်းဖက်မှုနဲ့ဆိုင်တဲ့ အချက်ပေါင်း ၉၀၀ ကျော် တွေ့ရှိထားတယ်လို့ဆိုပါတယ်။

         ဒီစာထဲမှာပဲ ကုမ္ပဏီအနေနဲ့မတ်လ ၁၅ ရက် အကြမ်းဖက်မှုနဲ့ဆိုင်တဲ့ ဗွီဒီယိုပေါင်း ၁.၅ သန်းကို ၂၄ နာရီအတွင်း ဖယ်ရှားခဲ့ပြီး ဒီထဲမှာ upload တင်မယ့် ဗွီဒီယိုပေါင်း ၁.၂သန်းကျော်ကို ကြိုတင် ဖျက်သိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အနည်းဆုံး လူ ၅၀ အသတ်ခံရပြီး လူပေါင်း ၅၀ ဒဏ်ရာရတဲ့ ဒီပစ်ခတ်မှုကို ကျူးလွန်သူ ဘရန်တန် တာရန့်ဟာ သူ့ရဲ့ လုပ်ကြံမှုကို Facebook မှာ အနည်းဆုံး ၁၇ မိနစ်ကြာ Live လွှင့်ခဲ့တာပါ။

Photo: Hacker Noon

         မူရင်း Live ဗွီဒီယိုကို Facebook ပေါ်ကနေ မဖယ်ရှားခင်အထိ ကြည့်ရှုတဲ့ အကြိမ်ရေပေါင်း ၄၀၀၀ ရှိခဲ့တယ်လို့ဆိုပါတယ်။ လက်ယာစွန်းရောက် လူဖြူလူမျိုးကြီး ဝါဒီ သြစတြေးလျနိုင်ငံသား ဘရန်တန် တာရန့်ရဲ့ Live လွှင့်ပြီး လူသတ်မှုကို Facebook ဟာ ၁၂ မိနစ်ကြာမှ ဖယ်ရှားနိုင်ခဲ့ပေမယ့် လူမှုကွန်ရက် သုံးသူ သန်းပေါင်းများစွာက ဒီ video ကို ကြည့်ရှုခြင်း ၊ ပြန် share ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။

         နယူးဇီလန်အစိုးရဟာ အွန်လိုင်းပေါ်က အမုန်းစကားတွေကို အရေးယူနိုင်မယ့် ဥပဒေသုံးသပ်မှု လုပ်နေပြီး နိုင်ငံရဲ့ တရားရေးဝန်ကြီးဖြစ်သူ အန်ဒရူး လစ်တဲလ်ကတော့ နှစ်ကုန်ပိုင်းမှာ အစိုးရနဲ့လူ့အခွင့်အရေးကော်မရှင်တို့ဟာ အွန်လိုင်းပေါ်က အမုန်းစကားတွေကို အရေးယူဖို့အဆိုပြုချက်တွေ တင်သွင်းဖို့လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

         ရှာလီဆင်းဒ်ဘာ့ဂ်ရဲ့ စာထဲမှာ ဒုတိယအဆင့် အမုန်းစကားဖယ်ရှားမှုကို ပိုပြီး လုပ်ဆောင်သွားဖို့ပါရှိပြီး လူဖြူလူမျိုးစွဲဝါဒီနဲ့ခွဲခြားဆက်ဆံခြင်း ဆိုင်ရာ အကြောင်းအရာတွေ်လည်း ပိတ်ပင်သွားမယ်လို့ကတိပြုထားပါတယ်။ တတိယအဆင့်မှာတော့ Facebook ဟာ နယူးဇီလန်မှ ဒေသတွင်း အများအကျိုးဆောင် အဖွဲ့အစည်းနဲ့စိတ်ကျန်းမာရေး အဖွဲ့အစည်း ၄ ခုကို ပံ့ပိုးပေးသွားမယ်လို့ဖော်ပြထားပါတယ်။

         Christchurch တိုက်ခိုက်မှုမှ ဒဏ်ရာ ရသူ ၅၀ ကျော်ထဲမှ ၂၁ ယောက်ဟာ ဆေးရုံတက်နေရဆဲဖြစ်ပြီး ဒီထဲက ၃ ဦးဟာ စိုးရိမ်ရတယ်လို့ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က