စက်ဘီးတွေလည်း ပြန်သိမ်းနေပါတယ်။
Nyein Min Wai

bike-sharing app တစ်ခု ဖြစ်ပြီး မိုဘိုင်းလ်ဖုန်းကနေ စက်ဘီးငှားလို့ရနိုင်မယ့် oBike ကတော့ စကာၤပူဈေးကွက်မှာ အခြေပျက်သွားပါပြီ။

photo: TechCrunch

 

စီးပွားရေးအတက်အကျမျိုးစုံနဲ့ဖိအားများစွာ ကြုံနေရတဲ့ တရုတ်လူမျိုးပိုင် oBike မှ လုပ်ငန်းဖျက်သိမ်းတော့မှာ ဖြစ်လို့ဖောက်သည်များဆီက စပေါ်တင်ထားတဲ့ deposit တွေကို ပြန်ပေးသွားမယ်လို့ကြေငြာလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် ကြာသာပတေးနေ့မှာကတည်းက oBike ဟာ စပေါ်ငွေ ပြန်အမ်းဖို့အတွက် ဖောက်သည်တွေဆီက တိုင်ကြားစာ ၇၇၂ စောင်အထိ ရထားတယ်လို့စကာၤပူစားသုံးသူအစည်းအရုံး CASE က ဆိုပါတယ်။

စကာၤပူမှာ လုပ်ငန်းဖျက်သိမ်းရတော့မယ့် oBike ပိုင် စက်ဘီးပေါင်း ၇၀၀၀၀ ကျော်ဟာ တစ်နိုင်ငံလုံးမှာ ပြန့်နေပြီး စကာၤပူ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့အစည်း LTA မှာ ဒီစက်ဘီးတွေကို ဇူလိုင် ၄ ရက် နောက်ဆုံးထားပြီး သိမ်းဆည်းရမယ်လို့အမိန့်ထုတ်ထားပါတယ်။ oBike ကတော့ ဒီလောက် မြန်မြန်နဲ့စက်ဘီးတွေ ပြန်မသိမ်းနိုင်ပါက LTA နဲ့ညှိသွားမယ်လို့ဆိုပါတယ်။

သုံးစွဲသူ အချက်အလက်များ လုံခြုံရေးနဲ့ပတ်သက်ပြီး oBike ဝန်ဆောင်မှုကလွဲပြီး တစ်ခြားနေရာများကို အချက်အလက်ရောင်းစားတာ ၊ ရည်ရွယ်ချက်တစ်မျိုးနဲ့တလွဲ အသုံးပြုတာမျိုး လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ကုမ္ပဏီက အာမခံထားပါတယ်။ Channel News Asia သတင်းတစ်ပုဒ်မှာတော့ ကောင်စီရုံးနှစ်ရုံးဟာ oBike ကို ဒဏ်ကြေး စကာၤပူဒေါ်လာ ၁၁၈၀၀၀ ဒဏ်တပ်ထားတယ်လို့ဖော်ပြထားပါတယ်။ ဇူလိုင် ၄ ရက် ဗုဒ္ဓဟူးနေ့မှာ တစ်နိုင်ငံလုံးက oBike စက်ဘီးတွေ ပြန်သိမ်းဖို့ခေါင်းခဲနေတဲ့ oBike အတွက် မြွေပူရာ ကင်းမှောင့်လို့ဆိုရမှာပါ။

၂၀၁၇ နှစ်ဆန်းပိုင်းက စင်္ကာပူမှာ ဝန်ဆောင်မှု စတင်ပေးလာတဲ့ oBkike ဟာ bluetooth lock စနစ်သုံးထားပြီး စက်ဘီးကို ကြိုက်ရာနေရာမှာ ပစ်ထားခဲ့လို့ရအောင် ဒီဇိုင်းထုတ်ထားတာပါ။ ဒီဝန်ဆောင်မှုကို သုံးစွဲသူဟာ စက်ဘီးတွေကို ဖုန်းကနေ နေရာကြည့်လို့ရသလို ဖုန်းကနေပဲ လော့ခ်ထားလို့ရမှာပါ။

photo: Channel News Asia

 

oBike ဝန်ဆောင်မှုကို စကာၤပူအပြင် နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ ဝန်ဆောင်မှု ပေးနေပြီး နာမည်ကြီး ride-sharing ကုမ္ပဏီ ဖြစ်တဲ့ Grab မှ ထည့်ဝင်ရင်းနှီးမြှပ်နှံထားပြီး Grabpay နဲ့ချိတ်ဆက်ငွေချေနိုင်အောင် လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ


Author


က္က