supplier တွေကလည်း တရားစွဲနေပါတယ်

     ဒေဝါလီခံရဖို့ရှိတဲ့ တရုတ်မှ မိုဘိုင်း bike-sharing လုပ်ငန်းတစ်ခု ဖြစ်တဲ့ Ofo ကတော့ သူ့ဝန်ဆောင်မှု သုံးသူတွေကို အနည်းဆုံး ယွမ် ၁.၁၆ ဘီလျံ (ဒေါ်လာ ၁၆၈ သန်း) ပြန်ပေးရမယ့် အခြေအနေကို ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။

         Ofo ဆီက စက်ဘီးငှားသူတွေဟာ စက်ဘီးမငှားခင်မှာ စပေါ်ငွေအဖြစ် ၉၉ ယွမ်စီ ပေးခဲ့ရတာကနေ နောက်ပိုင်းမှာ ၁၉၉ ယွမ်အထိ ပေးခဲ့ရတာ ဖြစ်ပါတယ်။ အခုချိန်မှာ Ofo စက်ဘီး ငှားစီးသူ ၁၁.၇ သန်းဟာ Ofo app ကနေ သူတို့ပေးထားတဲ့ စပေါ်ငွေကို ပြန်တောင်းနေကြတာပါ။ စည်းကမ်းအရ Ofo အနေနဲ့စပေါ် refund ငွေကို ၁၅ ရက်အတွင်း ပြန်ပေးရမှာ ဖြစ်ပါတယ်။

         ဒီတစ်ပတ်ထဲမှာပဲ ဒေါသထွက်နေတဲ့ လူရာပေါင်းများစွာဟာ ဘေဂျင်းမှာ ရှိတဲ့ Ofo ရုံးချုပ်တည်ရှိရာရဲ့ အပြင်ဘက်မှာ တန်းစီစောင့်ပြီး စပေါ်ငွေ အမြန်ပြန်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ တစ်ချို့ကလည်း app ကနေ လှမ်းတောင်းတာ မရလို့အခုလို လူကိုယ်တိုင်လာတောင်းကြတာလို့ဆိုပါတယ်။ Ofo ကတော့ ရုံးရှေ့မှာ လာစောင့်နေကြသူတွေကို အွန်လိုင်းကနေပဲ တောင်းကြဖို့သတင်းထုတ်ပြန်ထားပါတယ်။

         "သုံးတဲ့သူတွေက သိပ်များတာမို့စပေါ်ငွေအတွက် လာလျှောက်တဲ့ အရေအတွက်ကလည်း တဟုန်းထိုး မြင့်တက်သွားဖို့ရှိပါတယ်" လို့ကုမ္ပဏီက ဆိုပါတယ်။ IDC အချက်အလက် သုတေသနရုံးက ပညာရှင် Xue Yu ကတော့ refund ပြန်တောင်းတဲ့ ပမာဏကို တွေ့မှပဲ Ofo ကို တစ်လတစ်လ လူတွေ ဘယ်လောက် ငှားနေကြသလဲဆိုတာ သိတော့တယ်လို့မှတ်ချက်ချပါတယ်။

         Ofo ရဲ့ အဓိကပြိုင်ဘက်တွေ ဖြစ်တဲ့ Mobike နဲ့Hellobike တို့ကတော့ ဒီနှစ်ထဲမှာပဲ စပေါ် ပေးစရာမလိုတဲ့ ဝန်ဆောင်မှုတွေကို စတင်ထားတာပါ။ Ofo ဟာ ၂၀၁၄ ခုနှစ်က တရုတ်မှာ bike-sharing ဈေးကွက်ကို အရင်ဆုံး စတင်ခဲ့တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပြီး ပြည်တွင်း ပြည်ပ ရင်းနှီးမြှပ်နှံသူတွေဆီကနေ ဒေါ်လာ ၂.၂ ဘီလျံ ရင်းနှီးမြှပ်နှံမှုပါ ရရှိခဲ့တာပါ။

         Ofo ဟာ Dockless စနစ် လို့ခေါ်တဲ့ bluetooth lock စနစ်သုံးထားပြီး စက်ဘီးကို ကြိုက်ရာနေရာမှာ ပစ်ထားခဲ့လို့ရတဲ့ စက်ဘီးငှားဝန်ဆောင်မှုကို သုံးတာပါ။ ဒီဝန်ဆောင်မှုကို သုံးစွဲသူဟာ စက်ဘီးတွေကို ဖုန်းကနေ တည်နေရာကြည့်လို့ရသလို ဖုန်းကနေပဲ သော့ခတ်ထားလို့ရမှာပါ။ 

Ofo ရဲ့ စီးပွားရေး ပုံစံဟာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ အရေးပါဆုံး တီထွင်ချက် ၄ ခုမှာ တစ်ခုအပါအဝင်အဖြစ် ချီးကျူးခံခဲ့ရပါတယ်။ ကျန်တဲ့ ၃ ခု ကတော့ မြန်နှုန်းမြင့် ရထားစနစ် ၊ မိုဘိုင်းငွေချေနည်းပညာ နဲ့အွန်လိုင်းရှော့ပင်းတွေ ဖြစ်ပါတယ်။ သို့သော်လည်း မကြာသေးမီက Ofo ရဲ့ supplier များ ဖြစ်တဲ့ စက်ဘီးကုမ္ပဏီများနဲ့သယ်ပို့ဝန်ဆောင်ရေးလုပ်ငန်းများမှ တရားစွဲခဲ့ပါတယ်။

Photo: China Daily

         လက်ရှိမှာ Ofo အနေနဲ့ကုမ္ပဏီပိုင် ပစ္စည်းတွေ ထုခွဲရောင်းချပြီး အကြွေးတွေ ဆပ်ဖို့စဉ်းစားနေတယ်လို့Ofo ရဲ့ CEO ဒိုင်ဝေက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း တရုတ်လူမျိုးပိုင် oBike စက်ဘီးအငှားဝန်ဆောင်မှုကို စကာၤပူမှာ ဖျက်သိမ်းခဲ့ပါတယ်။ 



က္က