စာချုပ်သစ် သက်တိုးမတိုးတော့ပါဘူး

OnePlus ရဲ့ McLaren Edition ဖုန်းသစ်တွေ မြင်ရတော့မှာ မဟုတ်ပါဘူး။



2020 F1 partner အဖြစ် McLaren ဝက်ဘ်ဆိုက်မှာ OnePlus ကို မတွေ့ရတာကြောင့် ကုမ္ပဏီနှစ်ခု ပူးပေါင်းလက်တွဲမှာ အဆုံးသတ်ပြီလားဆိုပြီး ပြီးခဲ့တဲ့ တစ်ပတ်မှာ သတင်းတွေ ထွက်လာခဲ့ပါတယ်။ ဒီသတင်းတွေထွက်လာပြီး OnePlus ဟာ ဗြိတိန် ကားကုမ္ပဏီ McLaren နဲ့ ပူးပေါင်းလုပ်ဆောင်မှု အဆုံးသတ်သွားပြီ ဖြစ်ကြောင်း McLaren ပြောရေးဆိုခွင့်ရှိသူက Android Authority ကို အတည်ပြုခဲ့ပါတယ်။


Photo: businesblog

"မကြာသေးခင်က စာချုပ်စေ့သွားတဲ့ OnePlus နဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းမှုဟာ ဆန်းသစ်တီထွင်ပြီး ကိုယ်ပိုင်ပုံရိပ်ရှိတဲ့ အမှတ်တံဆိပ်နှစ်ခုအကြား ထူးကဲအောင်မြင်တဲ့ ပူးပေါင်းလက်တွဲမှု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ စတင်ပူးပေါင်းခဲ့တဲ့ ၂၀၁၈ ခုနှစ်အစကတည်းက OnePlus ဟာ ပံ့ပိုးပါဝင်မှုရှိပြီး တန်ဖိုးထားရတဲ့ ပါတနာဖြစ်ခဲ့ပါတယ်။ အဆင်ပြေပါစေလို့ ဆုတောင်းပေးသလို အနာဂါတ်မှာ သူတို့နဲ့ တွေ့ဆုံဖို့ မျှော်လင့်ပါတယ်။"

ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ကုမ္ပဏီနှစ်ခု ဆက်ပြီး လက်မတွဲဖြစ်တဲ့အကြောင်းအရင်း ပြောကြားခြင်း မရှိပါဘူး။ OnePlus McLaren ဖုန်းတွေဟာ အထူးဗားရှင်းတွေ ဖြစ်တဲ့အတိုင်း ရိုးရိုးမော်ဒယ်တွေထက် ပိုပြီး ထူးခြားတဲ့ feature တွေ ထည့်ထားပါတယ်။ OnePlus 6T McLaren မှာ RAM 6GB ၊ 8GB တို့အစား RAM 10GB သုံးခဲ့သလို OnePlus 7T McLaren ဗားရှင်းမှာလည်း ရိုးရိုးမော်ဒယ်မှာ မပါတဲ့ RAM 12GB နဲ့ 5G ချိတ်ဆက်မှု သုံးထားပါတယ်။ 

McLaren နဲ့ လက်တွဲမှု ဆက်မလုပ်တော့ပေမယ့် ကုမ္ပဏီဟာ Disney နဲ့ လက်တွဲပြီး Star Wars နဲ့ Marvel edition သစ်တွေကိုလည်း ထုတ်လုပ်ရောင်းချနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က