OnePlus ကိုလ ည်း ဆက်ပြီး ဦးဆောင်သွားမှာပါ

OnePlus အမှတ်တံဆိပ်ကို ပုံဖော်ခဲ့တဲ့ ပီတီလောင်ဟာ OPPO ကုမ္ပဏီအောက်မှာ အလုပ်ပြန်လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

OnePlus ကို တည်ထောင်ခဲ့သူနဲ့ အမှုဆောင်အရာရှိချုပ် ပီတီလောင်ဟာ OnePlus ကို မထောင်ခင်က OPPO မှာ ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၃ ဒီဇင်ဘာထဲမှာ OPPO လက်အောက်ကနေ ထွက်ပြီး OnePlus ကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ စမတ်ဖုန်းတွေ ထုတ်ခဲ့တဲ့ ကာလတစ်လျှောက်မှာ OnePlus ဟာ စမတ်ဖုန်းအမျိုးအစားပေါင်း ၁၅ မျိုးကျော် ဖြန့်ချိနိုင်ခဲ့ပါတယ်။




Photo: Gizchina

၂၀၁၉ ခုနှစ်အတွင်း ကုမ္ပဏီရဲ့ လုပ်ငန်းဝင်ငွေဟာ ဒေါ်လာ ၁.၉ ဘီလျံကျော် ခဲ့ပြီး ကော်ပိုရေးရှင်းအတွက် အလုပ်လုပ်နေသူ ၁၀၀၀ ကျော် ရှိထားပါတယ်။ OnePlus ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပညာကို ကုမ္ပဏီရဲ့ upper mid-range စမတ်ဖုန်းတွေမှာ သုံးနိုင်ဖို့ ရည်ရွယ်ထားတဲ့ ဖုန်းကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီကနေ မိတ်ဆက်ထားတဲ့ ဖုန်းတွေကို Flagship Killer တွေအဖြစ် လူသိများပါတယ်။

Ice Universe သတင်းကနေ ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ OnePlus CEO ဟာ OPPO ကို ပြန်သွားမှာ ဖြစ်ပေမယ့် OnePlus မှာလည်း အမှုဆောင်အရာရှိချုပ်အဖြစ် ဆက်ရှိနေမယ်လို့ ဆိုပါတယ်။ ပီတီလောင်ဟာ OnePlus ကို ဆက်ပြီး ဦးဆောင်နေဦးမှာ ဖြစ်ပြီး OPPO ဆီ ပြန်သွားတာဟာ နည်းပညာသစ်တွေ ဖလှယ်နိုင်ဖို့လည်း ဖြစ်နိုင်ပါတယ်။

OnePlus ဟာ OPPO ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်ပြီး ပီတီလောင်အနေနဲ့ OPPO ကို ပြန်ရောက်မယ်ဆိုရင် ဘယ်လို တာဝန်တွေ ထမ်းဆောင်ရမလဲဆိုတာ မသိရသေးပါဘူး။ OnePlus အပြင် OPPO ၊ Vivo နဲ့ Realme တို့ကို တရုတ် နည်းပညာလုပ်ငန်းစုကြီး ဖြစ်တဲ့ BBK Electronics က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က